
2010ခုနှစ်မှာထွက်ရှိခဲ့ပြီး ကိုရီယားထိပ်တန်းသရုပ်ဆောင်တွေပါဝင်ထားကြတဲ့ The Housemaid ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ အင်ဆန်းဆူ ရဲ့လက်ရာဖြစ်ပြီး 1960 ပြည့်နှစ်လောက်က ထွက်ရှိခဲ့တဲ့ရုပ်ရှင်ကိုပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ ငွေကြေးဥစ္စာပြည့်စုံတဲ့ ဓနရှင်တွေဟာ အောက်ခြေလူတန်းစားများကို အနိုင်ကျင့်ဖိနှိပ်တတ်ကြပုံကို ပေါ်လွင်အောင်ရိုက်ကူးပြထားတဲ့ ဒီကားလေးမှာ ကလေးထိန်းအဖြစ်သွားရောက်လုပ်ကိုင်တဲ့ အမျိုးသမီးလေးဟာ အိမ်ပိုင်ရှင်သူဌေးရဲ့ အသုံးတော်ခံအဖြစ်ဖြည့်ဆည်းရပြီး နောက်ဆက်တွဲပြဿနာတွေရှိလာတဲ့အချိန်မှာလည်း အဖက်ဖက်ကညှင်းပန်းခံရတဲ့အတွက် သူ့နည်းသူ့ဟန်နဲ့ လက်စားချေပုံကို ဇာတ်လမ်းဖွဲ့ထားခြင်းဖြစ်ပါတယ်။ ထူးခြားတဲ့ တင်ဆက်ပုံနဲ့ သရုပ်ဆောင်တွေရဲ့စွမ်းရည်ကိုပေါင်းစပ်ထားတဲ့အတွက် ရုပ်ရှင်ပွဲတော်တွေမှာ ပြသခြင်းခံရပြီး sequel movie တွေ ရိုက်ရလောက်သည်အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီအထဲက တစ်ကားဖြစ်တဲ့ The Taste of money ဆိုတဲ့ ကားကိုလည်း CM မှာတင်ပေးဖူးပါတယ်။ IMDb rating 6.4 ရရှိထားပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေကိုလည်းရရှိခဲ့တဲ့ ဒီဇာတ်ကားလေးဟာ အိမ်ထောင်ရေးဖောက်ပြန်မှုဇာတ်လမ်းဖြစ်သည့်အတွက် မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းလေး အနည်းငယ်ပါဝင်ပါတယ်လို့ ကြိုပြီးသတိပေးလိုက်ပါတယ်။ File size… 1.4 GB / 652MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ….. Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sophie
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 720p | 652 MB | Download | |
| 720p | 652 MB | Download | |
| 720p | 652 MB | Download | |
| 720p | 652 MB | Download |