
94 ကြိမ်မြောက် အော်စကာအတွက် Best International Feature Film အတွက် submission တင်ထားတဲ့ကားလေး။ 78 ကြိမ်မြောက် Venice International Film Festival မှာ Grand Jury Prize ရထားပြီး အော်စကာ၊ Golden Globe နဲ့ Bafta ဆုတွေ ဆွတ်ခူးထားဖူးတဲ့ ဒါရိုက်တာ Paolo Sorrentino ရိုက်ကူးထားတဲ့အပြင် IMDb 7.5, Rotten Tamatoes 82% ရပ်တည်မှုနဲ့အတူ ၁၉၈၀ ခုနှစ်တွေက ဖာဘီယက်တိုဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ ဘ၀အကြောင်းကို မြင်ရဦးမှာပါ။ သူကြုံရတဲ့ အဖြစ်အပျက်တွေကို coming of age ဆန်ဆန်ရိုက်ကူးထားတာမို့ သာမာန် ထဲကခွဲထွက်နေတဲ့ရုပ်ရှင်ကားလေးပေါ့။ ဖာဘီယက်တိုမှာ သူငယ်ချင်း များများစားစားမရှိဘူး။ များသောအားဖြင့် သီချင်းတွေ နားထောင်နေတတ်ပြီး အိမ်ကွင်းအတွက် ကစားပေးနေတဲ့ Napoli အသင်းက ဒီရေဂို မာရာဒိုနာကို သူအားပေးတယ်။ လူပျိုဖော်၀င်ခါစ ကောင်လေးတစ်ယောက်ရဲ့ စိတ်ကစားပုံတွေ၊ ဝါသနာတွေနဲ့ မိသားစုရေးရာတွေကို ဇာတ်အေးအေးလေးနဲ့ ရိုက်ပြထားတယ်။ ဒီလောက်ပါပဲ ဒါပေမဲ့ သေချာတာကတော့ ခင်ဗျားတို့ကို open ending တစ်ခုနဲ့ အတွေးတွေပေးခဲ့ဦးမယ့် ဇာတ်လမ်းတစ်ပုဒ်လေးပေါ့ဗျာ ။ ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Yoon Sandi Aungမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Yoon Sandi Aung, JoJoVa တို့ဖြစ်ပါတယ်။ File Size - (2.14 GB)/(1.13 GB)/(700 MB) Quality – WebDL - (1080p)/(720p)/(480p) Duration - 2hr 10min Subtitle – Myanmar Hardsub Format – MP4 Genre : Drama Translator – Yoon Sandi Aung, JoJoVa Encoder – San Win Maung