
စောင့်မျှော်နေကြတဲ့ Jake Gyllenhaalရဲ့ Crime, Thrillerကားသစ် ရပါပြီ၊ ဒီကားကတော့ 2018 တုန်းက ထွက်ခဲ့တဲ့ ဒိန်းမတ်ရုပ်ရှင် The Guilty ကို Remake ပြန်ရိုက်ထားတာပါ သူ့နာမည်က ဂျိုးဘေလာ၊ LAရဲတပ်ဖွဲ့ရဲ့ အရာရှိတစ်ဦးဖြစ်ပေမယ့် အတိတ်ကအကြောင်းတစ်ခုကြောင့် ၉၁၁- အရေးပေါ်ဌာနကို ရာထူးချခံထားရသူ အရေးပေါ်ဌာနတို့ရဲ့ ထုံးစံအတိုင်း ကားပိတ်တာ၊ ကြောင်သစ်ပင်ပေါ်တက်တာကအစ သဘာဝဘေးအန္တရာယ်အဆုံး ဖုန်းတဂွမ်ဂွမ်ဆက်လာတာကို ပြန်ဖြေပေးရတဲ့နေရာဆိုတော့ ဂျိုးတစ်ယောက် သိပ်နေသားမကျလှ၊ ရဲအရာရှိဘဝကလာတာမလို့ ပေါင်းသင်းဆက်ဆံရေးကလည်းညံ့တော့ အတော်ဘုကလန့်ကျနေတာပေါ့၊ ဒီကြားထဲ အိမ်ထောင်ရေးကလည်း အဆင်မပြေတော့ တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်နေတာပေါ့ တစ်ရက် LAမှာ မီးအကြီးအကျယ်လောင်မှုကြောင့် အရေးပေါ်ဌာနတစ်ခုလုံး ဗျာများနေချိန် ဂျိုးဆီကို ဖုန်းတစ်ကောလ်ဝင်လာတယ်၊ ဖုန်းဆက်လာသူအမည်က အမ်မလီလိုက်တန်၊ ဂျိုးဖုန်းကိုင်ကိုင်ချင်းပဲ သူ့ကို Sweetyဆိုပြီး စခေါ်တော့ လူဂွစာကြီးဂျိုး ထောင်းခနဲဒေါသထွက်သွားပြီ၊ ဌာနတစ်ခုလုံးအလုပ်များနေချိန် မျက်နှာပြောင်ပြီး ဖုန်းဆက်တာပဲပေါ့ ဒါပေမယ့်အဲ့ဒီအမျိုးသမီးရဲ့အသံက တုန်နေတယ်၊ ငိုသံပါနေတယ်၊ ကြောက်လန့်နေတယ်၊ နောက်ပြောင်ပြီးခေါ်တဲ့ဖုန်းမဟုတ်ဘူး။ ဂျိုးလည်းစဉ်းစားရပြီ၊ သူ့ကိုဘာလို့ Sweetyလို့ခေါ်ရတာလဲ? ဘာလို့ ဖုန်းပြောတဲ့အသံက ထူးဆန်းနေတာလဲ? စသဖြင့် မေးခွန်းတွေမေး၊ စကားတွေပြောရင်း ကိစ္စကသူထင်ထားသလို ရိုးရှင်းမနေမှန်းသိသွားတဲ့အခါ.... အမ်မလီလိုက်တန်ဆိုတဲ့ အမျိုးသမီးက ဘယ်သူလဲ? သူအခုကြုံနေရတဲ့ကိစ္စက ဘာလဲ? ဂျိုးရဲ့အတိတ်ကအကြောင်းကရော ဘာဖြစ်နေမလဲ? ပတ်သက်ဆက်နွယ်မှုတွေရော ရှိနေတာလား စသဖြင့် ပဟေဠိပေါင်းများစွာထွက်ပေါ်လာပါတယ် ရိုက်ကူးထားတဲ့ပုံစံက Jake Gyllenhaalတစ်ဦးတည်း အသားပေးထားပြီး ကျန်သရုပ်ဆောင်တွေက များသောအားဖြင့် အသံပဲပါဝင်ပေမယ့် Jakeရဲ့ ပိုင်နိုင်တဲ့သရုပ်ဆောင်မှုကြောင့် ဇာတ်ရှိန်အနှိမ့်အမြင့် တစ်ခုလုံးကို ဇာတ်လမ်းစတာနဲ့ တောက်လျှောက်ဆွဲခေါ်သွားနိုင်မှာပါ။ ကြည့်နေရင်းနဲ့ကို အထဲကဇာတ်ကောင် ဂျိုးဘေလာနဲ့အတူ ကိုယ်တိုင် ရင်ခုန်မွန်းကြပ်လာတဲ့ ခံစားချက်မျိုးရမှာပါ၊ မူရင်းဇာတ်ကားနဲ့ ဘာတွေကွာသလဲ၊ ဘယ်ကားကပိုကောင်းသလဲဆိုတာကိုတော့ မူခင်း သည်းထိပ်ရင်ဖိုဇာတ်လမ်းကြိုက်သူတိုင်း ကြည့်ပြီးမှ ဆုံးဖြတ်ကြည့်လိုက်ကြပါ အညွှန်းကိုတော့ JimX က ရေးသားထားပြီးတော့ ဘာသာပြန်ထားတာကတော့ JimX နဲ့ Pyi Ti Nyein တို့ပဲ ဖြစ်ပါတယ်။ Quality….720p File size… 1GB Format…mp4 Duration….1h 30min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX and Pyi Ti Nyein Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.7GB | Download | |
| 720p | 1GB | Download |