
IMDb rating - 5.3 ဇာတ်လမ်းအညွှန်း အာဖရိကအမျိုးသမီးအခွင့်အရေးအတွက် အားမလိုမရဖြစ်နေတဲ့ တက္ကသိုလ်ကျောင်းသူ ဂျက်စတင်းဟာ ကျောင်းစောင့်တွေအရေးအတွက် အစာငတ်ခံဆန္ဒပြနေတဲ့၊ အယ်လီဟန်ဒရိုခေါင်းဆောင်တဲ့၊ လူအခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ ကျောင်းသားအဖွဲ့ထဲ ဝင်ရောက်လာတယ်။ ပီရူးနိုင်ငံအပိုင်းထဲက အမေဇုန်တောတစ်နေရာမှာ တောကို ရှင်းပြီး အဖိုးတန်ဓာတ်ငွေ့တွေထုတ်ယူမယ့်ကုမ္ပဏီဟာ အဲ့တောနေရာက ရှားပါးလူရိုင်းမျိုးနွယ်စုဖြစ်တဲ့ ရာဟက်စ်တွေရဲ့ ရွာကိုပါ ထိပါးပြီး ဒေသခံလူမျိုးစုကိုပါ ရက်ရက်စက်စက် ရှင်းလင်းသတ်ပစ်လိုက်နိုင်တဲ့ ဒီအရေးကို တားဆီးဖို့ ကယ်တင်ဖို့ဟာ အယ်လီဟန်ဒရိုတို့အဖွဲ့ရဲ့ နောက်ထပ်ပရောဂျက်ဖြစ်လာပါတယ်။ ဒီအဖွဲ့က လူထုအာရုံစိုက်မှုရလာအောင် ဆန္ဒထုတ်ဖော်မှာဖြစ်ပြီး UNက ရှေ့နေကြီးရဲ့သမီး ဂျက်စတင်း တစ်ယောက်လည်း လိုက်လာခဲ့တယ်။ ခက်ခက်ခဲခဲဆန္ဒပြပြီး အပြန်လမ်းမှာ သူတို့စီးလာတဲ့ လေယာဉ်လေးက တောနက်ကြီးထဲမှာ ပျက်ကျပါလေရော။ တချို့လည်း သေကုန်ပြီး အသက်ရှင်ကျန်တဲ့ ဂျက်စတင်းတို့ လူစုကတော့ နောက်ထပ် “တစ်ပူပေါ် နှစ်ပူဆင့်”ဆိုသလိုပဲ ရာဟက်စ်တွေ ဖမ်းခေါ်သွားခံရပါတယ်။ ရာဟက်စ်လူမျိုးစုတွေက လူ့ဦးခေါင်းကိုအမဲလိုက်သူတွေ၊ လူသားစားလူရိုင်းမျိုးနွယ် ဖြစ်လေတော့….. ဂျက်စတင်းတို့ ဘာတွေဆက်ပြီး တွေ့ကြုံရမလဲ။ လူသားစားလူရိုင်းတွေ ဖမ်းခံရတာဆိုတော့ အသက်ရှင်လွတ်မြောက်မယ့်သူရော ရှိပါ့မလား ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ လုံးဝ horror အကြမ်းစား၊ ကြည့်ရင်းနဲ့ကို အမလေး အမလေး အော်နေရမယ့် ဇာတ်လမ်းဖြစ်တာကြောင့် horror ကြိုက်တဲ့သူတွေအတွက် တကယ်ကြည့်ကောင်းမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။ (၁၈နှစ်အောက် ကလေးတွေနဲ့ စိတ်နုနုရွရွလူတွေအတွက် ကြည့်ရှုရန် မသင့်တော်ပါ။) ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size… 2.45 GB / 1.25 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 40m Genre ..... Adventure , Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orica
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.4 GB | Download | |
| 720p | 1.2 GB | Download | |
| 1080p | 2.4 GB | Download | |
| 720p | 1.2 GB | Download |