
The Good Son (1993) IMDb Rating (6.4) Home Alone ထဲက ကလေးလေး Macaulay Culkin နဲ့ The Lord of The Ring ထဲကဖရိုဒိုလေး Elijah Wood တို့ငယ်ငယ်က ဇာတ်ကားပါ။ ဇာတ်ကားနာမည်က The Good Son ဖြစ်တာရယ် သရုပ်ဆောင်ကလေးလေးတွေ ချစ်စရာလေးဆိုလို့ ကြည်နူးရမယ့် ဇာတ်ကားလို့ ထင်လိုက်ရင် မှားသွားပါမယ်။ Child's Play တို့ The Omen တို့လို Horror/Thriller အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းလေးက ........ -Spoiler Alert- ........ ....... ၁၂ နှစ်သားလေး မက်ခ်ရဲ့အမေဖြစ်သူဟာ မကြာခင်က ဆုံးပါးသွားခဲ့တယ်။ မက်ခ်ရဲ့အဖေက ဂျပန်ကိုအလုပ်ကိစ္စအတွက်ခရီးသွားရမှာဖြစ်လို့ မက်ခ်ကို သူ့ဦးလေး ဝေါလေစ့် နဲ့အဒေါ်ဆူဇန် တို့အိမ်ရှိရာကိုပို့ထားခဲ့ပါတယ်။ အဲ့ဒီအိမ်မှာ မက်ခ်တစ်ယောက် မတွေ့ရတာကြာပြီဖြစ်တဲ့ သူ့ဝမ်းကွဲညီမ ကောလင်းနဲ့ ညီ ဟင်နရီတို့နဲ့အတူနေထိုင်ဖို့ဖြစ်လာပါတယ်။ ဟင်နရီက အစပိုင်းတော့ တကယ်ကို အမူအကျင့်ကောင်းတဲ့ကလေးလိုပါပဲ.. ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူ့အပြုမူတွေက ဆိုက်ကိုပက် တစ်ယောက်ရဲ့အမူအကျင့်တွေလိုဖြစ်လာပါတယ်။ ခွေးတွေ ကြောင်လေးတွေသတ်တာ လမ်းပေါ်ကကားတွေတိုက်မိအောင် အရုပ်ကြီးပစ်ချတာတွေကို သူနဲ့အတူမက်ခ်ကိုပါလှည့်စားပြီး ဝင်ပါမိအောင်အကွက်ချလုပ်ဆောင်လာပါတယ်။ အဆိုးဆုံးက သူ့ညီမလေးကိုစကိတ်စီးရင်း ရေခဲပြင်ထဲကျအောင်လုပ်ခဲ့ပြီး သူ့ညီမလေးလေးလဲ ကိုမာဝင်သွားပါတော့တယ်။ သူ့အမေ ဆူဇန်မှာ အရင်က ဟင်နရီတို့မောင်နှမနှစ်ယောက်အပြင် ကလေးအငယ်ဆုံးလေး ရစ်ချက်ပါရှိခဲ့ဖူးပါတယ် အဲ့ဒီကလေးက ငယ်တော့ရေချိုးရင်းရေဇလုံထဲရေမွန်းပြီးသေသွားခဲ့တာကြာခဲ့ပါပြီ အခုဆူဇန်က ဒီကလေးအငယ်လေးသေခဲ့တဲ့ဖြစ်စဥ်မှာ ဟင်နရီက တရားခံဆိုတာသိသွားချိန်မှာ သူ့အမေကိုပါ နှုတ်ပိတ်ဖို့ သားဆိုးဟင်နရီကလုပ်လာပါတော့တယ် ဒါကိုမက်ခ်လေးက ဘယ်လိုကယ်မလဲ ဆိုးသွမ်းတဲ့ကလေး ဟင်နရီကဘာဖြစ်သွားမလဲဆိုတာ..........။ (ရုပ်ရှင်အညွှန်းကို Movieholic Myanmar FB Page မှကူးယူဖော်ပြထားတာဖြစ်ပြီး Myo Min Aung ((MMA) မှ ဘာသာပြန်တင်ဆက်ထားပါတယ်။ File size…(1.9 GB)/ (800 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:26:50 Subtitle….Myanmar Subtitle(Hardsub) Encoder….Nyeinsaeya Aung Translated by Myo Min Aung (MMA)