
“သွေးက ရေထက်ပျစ်တယ်”ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ ဒါဟာ သွေးသားတော်စပ်မှုတစ်ခုထဲကိုပဲ ဖော်ညွှန်းတာတော့ မဟုတ်ပါဘူး လူသတ်သမားတစ်ယောက်အတွက်တော့ ပျစ်နှစ်တဲ့ သွေးစက်တွေက ရေထက်အရသာရှိမှာပေါ့ လူသတ်တဲ့နေရာမှာ တစ်ချက်လေးမှ တုံ့ဆိုင်းမှု ရှိမနေတာကြောင့် "မှင်စာ" လို့တင်စားခေါ်ဝေါ်ခံရတဲ့ လူသား ဂန်ဒူဟျွန်း ဆိုတဲ့ လူသတ်သမားပါ။ လူသတ်ဖို့ဆို လက်တွန့်ကြောက်ရွံ့နေတတ်တဲ့ ယောင်းမင်းကတော့ သူ့တို့ရဲ့သူဌေးကို သတ်လိုက်မိပြီးတဲ့နောက်မှာတော့ ဒူဟျွန်းက ယောင်းမင်းအစား လူသတ်တရားခံနေနဲ့ ထောင်ထဲမှာ ၁၀ နှစ်တိုင် နေခဲ့ရဖို့ အကြောင်းဖန်လာခဲ့ပါတယ် မွေးကင်းစသမီးလေးနဲ့ ဇနီးကို ပစ်ထားခဲ့ရပြီး ထောင်ကျခဲ့ရတဲ့အတွက် ထောင်ထဲကထွက်လာတဲ့အခါမှာတော့ သာမန်ဘဝလေးနဲ့ နေထိုင်ဖို့ လုပ်ထားခဲ့ပေမယ့်လည်း ကံတရားက ဒူဟျွန်း ကို ခွင့်မပြုခဲ့ပြန်ပါဘူး တကယ့်မှင်စာအစစ်ဖြစ်တဲ့ ဒူဟျွန်းတစ်ယောက် ထောင်ကထွက်လာပြီးတဲ့နောက်မှာတော့ သူ့ကိုယ်သူ မှင်စာလို့ ခံယူထားတဲ့ ယောင်းမင်းဟာ ဒူဟျွန်းရဲ့ သမီးကို ပြန်ပေးဆွဲခဲ့တဲ့အခါ ဒီပြဿနာကို ဒူဟျွန်းတစ်ယောက် ဘယ်လိုဖြေရှင်းမလဲ သမီးလေးကို ကယ်တင်ဖို့ ရက်စက်တဲ့မှင်စာဘဝကို ပြန်သွားမှာလား ဒါမှမဟုတ် ဘယ်လိုများ အဖြေရှာဆောင်ရွက်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် ဂန်ဒူဟျွန်းအနေနဲ့ မင်းသားကြီး Jo Dong-Hyuk က ပါဝင်ထားပြီး ယောင်းမင်းအနေနဲ့ကတော့ Heaven of Trees ထဲက လူတိုင်းရဲ့အချစ်တော် အစ်ကိုယွန်စောနေရာက ပါဝင်ခဲ့တဲ့ မင်းသား Lee Wan က သရုပ်ဆောင်ထားပါတယ် Lee Wan ကို ခပ်မိုက်မိုက်ဗီလိန်ကာရိုက်တာနဲ့တွေ့ရမှာဖြစ်လို့ လုံးဝလက်လွှတ်မခံသင့်တဲ့ ကားပါပဲ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre.....Action Quality…. 1080p | 720p | 480p File size…1.1GB | 513MB | 251MB Format… mp4 Duration….1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator .....Hmwe Thet Winn Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.1GB | Download | |
| 720p | 513MB | Download | |
| 1080p | 1.1GB | Download | |
| 720p | 513MB | Download |
ထုတ်လွှင့်သည့်နေ့
May 25, 2022
ကြာချိန်
1h 30m
အဆင့်သတ်မှတ်ချက်
5.0 / 10
Director
Kim Hee-seong