
Channel Myanmar ရဲ့ပရိတ်သတ်တွေအတွက် ဟောင်းပေမယ့် ကောင်းဆဲဆိုတဲ့ ဒီလိုရုပ်ရှင်မျိုးတွေကို တစ်ဖန်ပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ရုံတင်ငွေ 23.6 သန်းအထိရထားတဲ့ ဒါရိုက်တာ Daniel Sackheim ရဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။ Daniel Sackheim ဆိုရင် Game of thrones , The Walking Dead ဒီလို ဝက်ဝက်ကွဲအောင်မြင်တဲ့ရုပ်ရှင်တွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့တဲ့ နာမည်ကြီးဒါရိုက်တာတစ်ယောက်ပါ။ ဒီတော့ The Glass House မှာလည်း ဘယ်လိုလက်စွမ်းပြထားမလဲဆိုတာ ခံစားကြည့်လိုက်ပါဦးဗျာ။ ဆယ်ကျော်သက်တို့ထုံးစံအတိုင်း ရူဘီဟာ သောက်စား ပျော်ပါး ဘဝကိုပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေတဲ့ အထက်တန်းကျောင်းသူတစ်ယောက်ပါ။ တစ်ရက်တော့ ဘဝဟာ ကံဆိုးမိုးမှောင်ကျပြီး မိဘနှစ်ပါးလုံးကို တစ်ပြိုင်တည်း ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီနောက်တော့ ရူဘီနဲ့ သူ့မောင်လေး ရက်တ်ဟာ သူတို့ရဲ့ အိမ်နီးချင်းဟောင်း ဂလပ်စ်တို့ လင်မယားဆီမှာ မွေးစားခံလိုက်ရပါတယ်။ ပြီးတော့ ဂလပ်စ်တို့လင်မယားရဲ့ မယ်လ်ဘူက အိမ်ကိုပြောင်းရွေ့ခဲ့ကြတာပေါ့။ ဂလပ်စ်တို့မိသားစုက ကြင်နာတတ်ပြီး ငွေကြေးဥစ္စာလည်း ကြွယ်ဝကြပါတယ်။ ခိုးကိုးရာမဲ့နေတဲ့ မောင်နှမတွေအတွက်တော့ သူတို့က ဘုရားသခင်လိုပဲပေါ့။ ဒါပေမယ့် ဘဝနဲ့လူတွေက ခန့်မှန်းလို့မရနိုင်တာ အားလုံးအသိပဲ မဟုတ်လားဗျာ။ ဒီလင်မယားရဲ့ ချိုသာပြီး နွေးထွေးတဲ့မျက်နှာဖုံးရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။ ဂလပ်စ်တို့ရဲ့ ဖန်သားအတိကာထားတဲ့ အိမ်ကြီးမှာ ရူဘီကြုံတွေ့လာရမယ့် အရာတွေကဘာလဲ။ ရူဘီ သူလွတ်မြောက်နိုင်ပါ့မလား။ ဒါတွေကို ရင်တထိတ်ထိတ်နဲ့ ဒီရုပ်ရှင်မှာပဲ အပြည့်အဝ ခံစားကြည့်ရှုလိုက်ပါတော့ခင်ဗျာ။ File size…2GB / 1GB Quality…1080p BluRay H.264 AAC 5.1CH / 720p Format…mp4 Duration….1h 46min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM & Go-O
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |