
The Girl Who Escaped: The Kara Robinson Story (2023) ယခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ 2023 ခုနှစ်ထဲမှာပဲထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ကူးထားတဲ့ Rating မြင့် Documentary Crime-Drama ရုပ်ရှင်ဇာတ်ကားေကာင်းလေးပါ ဇာတ်လမ်းခေါင်းစဉ်အတိုင်းပဲ ပြန်ပေးဆွဲမုဒိန်းကျင့်ခံရတာကနေ လွတ်မြောက်လာခဲ့တဲ့ ၁၅ နှစ်အရွယ်ကောင်မလေးတစ်ယောက်အကြောင်းပါ ဒီဖြစ်ရပ်မှာကံကောင်းတာတွေ ကယ်တင်ရှင်တွေမပါပါဘူး ကာရာဆိုတဲ့ကောင်မလေးက ရုတ်တရက်ကြုံတွေ့ရတဲ့အန္တရာယ်ကို ခေါင်းအေးအေးထားရင်ဆိုင်ကာ လွတ်မြောက်အောင်လုပ်ခဲ့တဲ့အပြင် တရားခံလည်ပင်းကိုပါကြိုးကွင်းပြန်စွပ်ပေးနိုင်လောက်အောင် နေရာတွေအချက်အလက်တွေအကုန်လုံးကို မှတ်သားလာခဲ့ပုံက ပြောစမှတ်ပြုလောက်ပါတယ်။ ပြီးတော့ သူ့ရဲ့ဒီဖမ်းဆီးမုဒိမ်းကျင့်ခံရပြီးနောက်ပိုင်းကိစ္စတွေကို တည်ငြိမ်စွာရင်ဆိုင်ပုံကလဲ အတုယူဖွယ်ရာပါပဲ ခံလိုက်ရတဲ့သူတွေမှာ အပြစ်လဲမရှိ အမှားလဲမရှိပါဘူး လုပ်တဲ့သူတွေကသာ လူ့ဘောင်မဝင် ခွေးလောက်တောင် အဆင့်မရှိတဲ့ကောင်တွေပါ အဲ့ဒီတော့ ဒီဇာတ်ကားလေးကနေတစ်ဆင့် မိဘတွေရော မိန်းကလေးအရွယ်သုံးပါးလုံးရော သင်ခန်းစာယူနိုင်ကြမယ်အပြင် ဇာတ်လမ်းကိုရိုက်ပြထားပုံကလဲ အိုဗာတွေမပါစိတ်ဝင်စားဖို့ကောင်းတာမို့ ပရိသတ်များခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Thriller Quality…. 720p File size… 470MB Format… mp4 Duration….1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... August