
တစ်ခုသောညမှာ ဘုရင့်စစ်သည်တော်ရူးရူးနေတဲ့ ကောင်လေး တစ်ယောက်ဟာ ဒါ့တညံလို့အမည်ရတဲ့ သူအလေးစားရဆုံး ဘုရင့်စစ်သည်တော်ရဲ့ အခန်းထဲကို ခိုးဝင်ပါသတဲ့။ အကြောင်း ကတော့ သူ့စိတ်ထဲမှာ ဒါ့တညံဟာ ကျောထောက်နောက်ခံအင် အားမရှိ၊ မျိုးရိုးမရှိဘဲ ကိုယ်စွမ်းကိုယ်စနဲ့ ဘုရင့်စစ်သည်တော် ခေါင်းဆောင်နေရာထိ တက်လှမ်းနိုင်ခဲ့တယ်လို့ ယုံကြည်ထား ပါတယ်။ ဒါကြောင့် ဖြတ်လမ်းအလွယ်နည်းနဲ့ စစ်သည်တော် ဖြစ်လာဖို့ရာ ဒါ့တညံကို တိုက်ရိုက်စိန်ခေါပြီး စစ်သည်တော် အဖွဲ့ထဲကို လေ့ကျင့်ရေးမဆင်းရဘဲ တန်းခန့်စေချင်လို့ပါ။ ဖြစ်ချင်တော့ သူအခန်းထဲခိုးဝင်တဲ့အချိန်မှာ ဒါ့တညံဟာ ကိုယ် တွေ့မှတ်တမ်းရေးနေချိန်ဖြစ်ပြီး သူ့ကိုအားကျပြီး ဖြတ်လမ်း ကနေ စစ်သည်တော်ဖြစ်ချင်နေတဲ့ ကောင်လေးကိုတွေ့တော့ ဂုတ်ဆွဲထိုင်ခိုင်းပြီး သူ့ဇာတ်ကြောင်းကို ပြန်လှန်ပြောပြရင်း ဒီဇာတ်ကားဖြစ်လာသပေါ့လေ။ ဒီလိုနဲ့ ဒါ့တညံရဲ့ စစ်သည်တော်ဖြစ်လာပုံကို နောက်ကြောင်း ပြန်ပါတယ်။ သူတို့နှစ်ယောက်စကားဝိုင်းလည်းပြီး ဒီဇာတ်ကား လည်းပြီး။ သူ့ဇာတ်ကြောင်းနားထောင်ရင်း ဒါ့တညံကို ဆဲချင် ဆူချင်စိတ်ပေါက်လိုက်၊ ချီးကျူးချင်စိတ်ပေါက်လိုက်၊ သင်ခန်း စာယူစရာလေးတွေ့လိုက်နဲ့ ဒီဇာတ်ကားလေးက ပြီးလို့ပြီးမှန်း မသိ ပြီးသွားမှာပါ။ နာမည်ကိုရင်းနှီးသလိုလိုဖြစ်နေရင်တော့ ဟုတ်ပါတယ်...ဆရာ ကြီးပီမိုးနင်းဘာသာပြန်တဲ့ “သူရဲကောင်းသုံးယောက်”ထဲက ဒါ့တညံ(ဓားတညံ)ပါပဲ။ ဆရာကြီးရွှေဥဒေါင်းကလည်း ဘာသာ ပြန်ဖူးပါတယ်။ "The Count Of Monte Cristo"ကိုရေးတဲ့ ပြင် သစ်စာရေးဆရာအလက်ဇန်းဒါးဒူးမတ်ရဲ့လက်ရာ"The Three Musketeers"ကိုမှီငြမ်းထားတာပါ။ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.0 GB) / (364 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 25Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure Translator.......Ngwe Zin Encoder..........SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1 GB | Download | |
| 720p | 364 MB | Download | |
| 1080p | 1 GB | Download | |
| 720p | 364 MB | Download |