
IMDb - 7.6/10_____Rotten - 96% CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းကတော့ “The Florida Project” ဆိုတဲ့ဇာတ်လမ်းဖြစ်ပါတယ်… အညွှန်း— ခြောက်နှစ်အရွယ် ကောင်မလေး Moonee ဟာ သွက်လက်ပြီး စူးစမ်းချင်စိတ်ပြင်းပြတဲ့ကလေးတစ်ယောက်ပါ… သူဟာ မိခင်ဖြစ်သူ Halley နဲ့ Magic castle ဆိုတဲ့ မိုတယ်တစ်ခုမှာ နေထိုင်ခဲ့ပါတယ်. Magic castle ဟာ Florida က ရုပ်ရှင်ချစ်ပရိတ်သတ်တို့ သိကြတဲ့ Walt Disney World အနားမှာရှိတဲ့ နေရာတစ်ခုပါ… Magic castle ရဲ့ မန်နေဂျာကတော့ Bobby ဖြစ်ပြီး သူက ကလေးတွေ အန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးတတ်ပါတယ်… Moonee လေးဟာ မိုတယ်က သူနဲ့သက်တူရွယ်တူ ဘော်ဒါတွေ ဖြစ်တဲ့ Scooty, Dicky တို့နဲ့ ကစားဖော်တွေဖြစ်ခဲ့ပါတယ်.. တစ်နေ့တော့ Jancey ဆိုတဲ့ မိန်းကလေးတစ်ယောက် မိုတယ်ကို ပြောင်းလာခဲ့ပါတယ်… Jancey ဟာ Moonee တို့နဲ့ သက်တူရွယ်တူလောက်မို့ Moonee တို့အုပ်စုထဲဝင်သွားခဲ့ပါတယ်.. ကလေးတွေ ဆိုတဲ့အတိုင်း တစ်နေ့တစ်နေ့ မရိုးရအောင် သောင်းကျန်းခဲ့ကြပါတယ်… တစ်နေ့တော့ ပြဿနာအကြီးအကျယ်တက်ပါလေရော.. ဒါကို ကြားတဲ့ Dicky ရဲ့ ဖခင်ဟာ သားဖြစ်သူကို Moonee တို့မျောက်တစ်သိုက်နဲ့ တွေ့ခွင့်ပိတ်ခဲ့ပါတယ်.. Moonee ရဲ့ မိခင် Halley အကြောင်းပြောပါရစေ.. Halley ဟာ အသက်ငယ်ငယ်နဲ့ Moonee ကို မွေးခဲ့တာပါ… ပိုက်ဆံကလဲမရှာတတ်တော့ မိုတယ်ခတောင် အနိုင်နိုင်ပေးခဲ့ရပါတယ်.. ဒါတွေကို သိတဲ့ Halley သူငယ်ချင်း Ashley ဟာ Halley တို့သားအမိကို ကူညီပေးခဲ့ပါတယ်… Halley ဟာ သမီးနဲ့ စားဝတ်နေရေးအတွက် ပြည့်တန်ဆာအလုပ်လုပ်ပါတော့တယ်.. သူ့ဖောက်သည်တွေလာတဲ့အချိန်ဆို Moonee လေးကို ရေချိုးခန်းထဲပိတ်ထားခဲ့ပါတယ်… ကဲ ဒီတော့ Moonee ဒီအရှုပ်တွေထဲက ဘယ်လို ထွက်ပြေးမယ်… သားအမိနှစ်ယောက် ဘယ်လိုရုန်းကန်ရလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ…. ကလေးလေးတွေ သောင်းကျန်းတာမြင်တော့ ကိုယ့်ကလေးဘဝကို ပြန်ပြီးအမှတ်ရစေပါတယ်.. ဇာတ်လမ်းရှုခင်းတွေကလဲ အရောင်စုံပြီး တကယ်လှတာမို့ ကြည့်ရတာတန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း… ဆက်ဆက်ကြည့်ရှုကြပါလို့ တိုက်တွန်းလိုက်ပါတယ် CM ပရိတ်သတ်တို့.. File Size : (900 MB) Quality : WEB-DL 720p Running Time : 1hr 51min Format : Mp4 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated by Lex Luthor Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |
ထုတ်လွှင့်သည့်နေ့
October 6, 2017
ကြာချိန်
1h 52m
အဆင့်သတ်မှတ်ချက်
7.4 / 10
Director
Sean Baker