
The Fault is Not Yours (2019) ****************************** ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ All of us Are Dead မှ Yoon Chan-Young, Racket Boys မှ Son Sang-Yeon နဲ့ IZ*ONE အဖွဲ့ဝင် Kim Min-Joo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ပညာပေး ရုပ်ရှင်လေးပဲ ဖြစ်ပါတယ် .. – ဇာတ်လမ်းအကျဉ်း – ဂျွန်ယောင်း (Yoon Chan-Young) ဟာဆိုရင် ရောဂါသည်အမေ့ကို တစ်ယောက်တည်း ပြုစုရင်း ကျောင်းတက်နေရသူလေးပါ .. ငယ်ငယ်ရွယ်ရွယ်နဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို သယ်ပိုး ထားရတဲ့ ဂျွန်ယောင်းကို အမြဲ ကူညီပေးနေတဲ့သူကတော့ ဂျွန်ယောင်းရဲ့ဆရာ မင်ဂျယ် (Kim Jae-Chul) ပဲဖြစ်ပါတယ် .. ဒါပေမဲ့ ဂျွန်ယောင်းတစ်ယောက် တကယ်တမ်း ကူရာမရဖြစ်လောက်တဲ့အထိ စိတ်ပျက်လက်မှိုင် ကျနေတဲ့ အခြေအနေမှာမှ ဆရာဖြစ်သူက အမှုမဲ့အမှတ်မဲ့ သဘောထားလိုက်မိတဲ့အတွက် ဂျွန်ယောင်းလည်း အစွန်းရောက်ရွေးချယ်မှုကို ပြုလုပ်သွားပါတော့တယ် .. ဂျွန်ယောင်းကို ဆုံးရှုံးလိုက်ရတဲ့ ဆရာဖြစ်သူလည်း နောက်ထပ် ကျောင်းသားတွေကို မဆုံးရှုံးရစေဖို့အတွက် ဆရာတစ်ယောက်အနေနဲ့ အကူအညီလိုအပ်နေတဲ့ ကျောင်းသားတွေကို စိတ်ရင်းစေတနာအပြည့်နဲ့ ဖေးမပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ် .. လက်ရှိ ဆရာမင်ဂျယ် အတန်းပိုင်လုပ်နေတဲ့ အတန်းက ကလေးတွေမှာလည်း စိတ်ဒဏ်ရာအသီးသီး ရှိနေကြပါတယ် .. ဒီလို စိတ်ဖိစီးစရာကိစ္စ ကိုယ်စီရှိနေကြတဲ့ ကလေးတွေကို ဒီတစ်ခေါက်မှာတော့ ဆရာမင်ဂျယ်က ဖေးမကူညီပြီး ကာကွယ်ပေးသွားနိုင်မလားဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော် .. (အညွှန်းကို Hnin Wai Oo မှ ရေးသားထားပါတယ်) File size…1.06GB / 487MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 47m Genre ….. Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by AHtet