
IMDb Rating - 8.3/10 Rotten Tomatoes - 98% လောကမှာ "အို/နာ/သေ" ဘေး တွေဆိုတာ လူတိုင်းလူတိုင်း ရှောင်လွှဲလို့မရတဲ့ နိယာမတရားတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ မသေခင်စပ်ကြား အိုမင်းမစွမ်းကာလကိုတော့ အဆိုးရွားဆုံးအချိန် လို့တောင် သတ်မှတ်လို့ရမယ်ထင်ပါတယ်။ ဒီဇာတ်ကားမှာလည်း အန်တိုနီယို ဟာ အသက်အရွယ် အိုမင်းလာတဲ့အခါ ကြုံတွေ့ရတဲ့ အလားတူ လောကဒဏ်တွေကို အလူးအလဲခံနေရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ မှတ်ဉာဏ်တွေ လျော့နည်းလာတဲ့ ဖခင်ဖြစ်သူကို တစ်ယောက်ထဲထားဖို့ စိတ်မချတဲ့အခါ သမီးဖြစ်သူ "အန်" ဟာ ဖခင်အတွက် ကိုယ်စားစောင့်ရှောက်ပေးမဲ့ သူတွေကို ငှားရမ်းဖို့ကြိုးပမ်းပါတော့တယ်။ ဒီဇာတ်လမ်းဟာ "ငါမအိုသေး" ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့ ဖခင်ဖြစ်သူ နဲ့ အစိုးရိမ်လွန်တတ်တဲ့ သမီးဖြစ်သူတို့ကြားက အားပြိုင်မှုတွေကို… လူ့သဘာဝ စရိုက်တွေ မပျောက်စေဘဲ ဂရုတစိုက် ဖန်တီးထားတဲ့ လက်ရာတစ်ခုဖြစ်တဲ့အပြင် ... ကြည့်ရှုသူ ပရိတ်သတ်ကို အတွေးပေါင်းများစွာပေးနိုင်မဲ့ နာမည်ကျော်ဒါရိုက်တာ Florian Zeller ရဲ့ လက်ရာကောင်းတစ်ခုပဲဖြစ်ပါတယ်… တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်တွေဖြစ်တဲ့ မင်းသားကြီး Antony Hopkins နဲ့ မင်းသမီးကြီး Olivia Colman တို့ရဲ့ masterpiece တစ်ခုဖြစ်တဲ့အတွက် CM ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်.. File Size : (1.85GB) and (835MB) Quality :HEVC.1080P5.1CH,WEB-DL720p Format…mp4 Duration…01:37:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Htet Encoded by Phyo Pyae
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
December 23, 2020
ကြာချိန်
1h 36m
အဆင့်သတ်မှတ်ချက်
8.2 / 10
Director
Florian Zeller