
The Exchange (2021) =============== ဒီဇာတ်ကားလေးကတော့ လူငယ်ကားလေးမို့ ပေါ့ပေါ့ပါးပါးလေးပါပဲ။ တင်မ်လောင်း ဆိုတဲ့ ဟိုးဘတ်အထက်တန်းကျောင်းက ကောင်လေး တစ်ယောက်က ဘော်ဒါဘော်ကျွတ်မရှိတဲ့ ကြေကွဲလူငယ်လေးတစ် ယောက်ပေါ့။ သူနဲ့တည့်တဲ့ အတန်းဖော်ရယ်လို့လည်း မရှိဘူးပေါ့လေ။ တစ်ရက်ကျ ဒီဒုက္ခတွေကနေ ငါ့ကိုကယ်တင်ပေးမယ့်သူ ပေါ်လာပါစေဆိုပြီး ကျောင်းပြောင်းပရိုဂရမ်တစ်ခုမှာ ဖောင်တင်လိုက်ရာကနေ မေခလာနတ်သမီး မလာဘဲ စတက်ဖန်ဆိုတဲ့ ဘောလိဝုဒ်ဘဲကြီး ရောက်လာပြီး ဇာတ်လမ်းက စတော့တာပါပဲ။ တင်မ်လိုချင်တဲ့ သူငယ်ချင်းမျိုးမဟုတ်ဘဲ type လုံးဝမတူတဲ့သူတစ်ယောက် သူ့အိမ်ရောက်လာချိန်မှာ ကြုံတွေ့ရတဲ့ ဒုက္ခသုခပေါင်းစုံကို ဟာသနှောပြီး ရိုက်ပြထားတဲ့ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအမည်ပေးရရင်တော့ တင်မ်နဲ့ စတက်ဖန်ရဲ့ အရှုပ်တော်ပုံပဲ ဆိုပါတော့။ ဒီဇာတ်ကားထဲမှာတော့ တင်မ်အဖြစ် Ed Oxenbould နဲ့ စတက်ဖန်အဖြစ် Avant Jogia တို့က ပါဝင်သရုပ်ဆောင်ထားပြီး comedy-drama ကား ကောင်းတစ်ခုဖြစ်ကြောင်း ပြင်သစ်ပရိသတ်တွေက ညွှန်းဆိုပေးထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ May Thet Khine Soe, Khant Sett Naing တို့ဖြစ်ပါတယ်)