
အချိန်ကတော့ အမေရိကန်ကစခဲ့တဲ့ Great Depression စီးပွားရေးပျက်ကပ်ကြီးဆိုက်နေတဲ့ခုနှစ်တွေ။ အလုပ်လက်မဲ့ဖြစ်နေတဲ့လုပ်သားတွေအတွက် စတာလင်ရဲ့ ဆိုဗီယက်ပြည်ထောင်စုကဖိတ် ခေါ်မှုကရေငတ်တုံးရေတွင်းထဲကျသလိုဖြစ်လာခဲ့တယ်။ အမေရိကန် ကနေဒါတို့ကနေလုပ်သားပေါင်း တသောင်းကျော်တို့ဟာ ဆိုဗီယက်တို့ရဲ့မြေကိုဘ၀သစ် စနိုင်ဖို့ရွှေ့ပြောင်းလာခဲ့ကြတယ်။ ဆိုဗီယက်တို့ရဲ့နယ်စပ် ဖင်လန်နိုင်ငံမှာကတော့ ယူဆီ ကဲတိုလာဆိုတဲ့ အမေရိကန်ကပြန်လာတဲ့ သူတယောက်ကတော့ ကွန်မြူနစ်အဖြစ် စွပ်စွဲခံရပြီးတော့ မိသားစုတွေဆီကနေပြန်ပေးဆွဲခံခဲ့ရပေမယ့် ဆိုဗီယက်နိုင်ငံထဲကိုထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။ ဒါပေမယ့် မိအေးနှစ်ခါနာဆိုသလိုပဲ ကဲတိုလာရဲ့ အမေရိကန် နောက်ေကြာင်းကိုမယုံသင်္ကာဖြစ်နေတဲ့ဆိုဗီယက်တို့က ရွှေ့ပြောင်းအမေရိကန်တွေဦးစီးတဲ့ ရုရှားစိုက်ပျိုးမွေးမြူရေးခြံတခုမှာနေပြီ းလျှို့၀ှက်ထောက်လှမ်းဖို့တွန်းအားပေးခဲ့တယ်။ ဒီလိုနဲ့ပဲ ယူဆီ ကဲတိုလာ တဖြစ်လဲ ယူဆီ ကာရီတယောက် မိသားစုအသစ်နဲ့ ဒီခြံမှာပဲဘ၀သစ်တခုစတင်ဖို့ဖြစ်လာခဲ့ပါတယ်။ တနေ့မှာတော့ စတာလင်ရဲ့သူလျှိုအဖြစ်စွပ်စွဲအမြစ်ဖြုတ်မှုတွေက ဒီရွှေ့ပြောင်းအမေရိကန် တွေအပေါ်ကိုပါရိုက်ခတ်လာခဲ့တဲ့အခါမှာတော့ ယူဆီတယောက် ဒီ၀ရုန်းသုံးကားအခြေအနေတွေကြားထဲဘာတွေ ဘယ်လိုဆက်ဖြစ်မှာလဲ။ အသက်ရှင်လျက်နဲ့ပဲထွက်လာနိုင်မလား။ သူ့မိသားစုလေးကရောအဆုံးမှာဘယ်လိုဖြစ်သွားမလဲ။ သူ့ရဲ့ရှည်လျားလှတဲ့ဘ၀ခရီးလမ်းကြီးကဘယ်လိုမျိုးပြီးဆုံးသွားမလဲဆိုတာကို The Eternal Road ဆိုတဲ့ ဖင်လန်စကားပြောဇာတ်ကားလေးမှာ ရှုစားပေးကြပါဦးခင်ဗျ