
ဒေါက်တာထူးဆန်းထဲက အေးရှန့်ဝမ်းအနေနဲ့ သရုပ်ဆောင် ထားတဲ့ မင်းသမီးကြီး Tilda Swinton က ဇာတ်လိုက်အနေနဲ့ ပါဝင်ထားတဲ့ BBC ရဲ့ ဟော်ရာဇာတ်ကားအသစ်လေးကို တင် ဆက်ပေးလိုက်ပါတယ်။ တစ်ချိန်ကမိသားစုစံအိမ်ကြီးဖြစ်ခဲ့ပေမယ့် ယခုအချိန်မှာတော့ သရဲခြောက်တဲ့ ဟိုတယ်အဖြစ်လူအများသိနေကြတဲ့ အိမ်ကြီးထဲကို ဂျူလီတို့သားအမိနှစ်ယောက်ပြန်သွားရာကနေ ဇာတ်လမ်းအစပျိုး ထားတယ်။ သူတို့စစရောက်ချင်းညမှာပဲ ဂျူလီက စိတ်ထဲမသိုး မသန့်ကြီးခံစားရပြီး ဘယ်ကမှန်းမသိတဲ့ ဝုန်းကနဲ အသံကိုကြားလိုက် ရတယ်။ အစကတော့ ပြတင်းပေါက်တွေမကောင်းလို့ဘာညာလို့ပဲ ထင်လိုက် ပေမယ့်၊ နောက်ညတွေမှာပိုပိုဆိုးလာလို့ ဂျူလီတစ်ယောက် အိမ်ကြီးရဲ့ လျို့ဝှက်ချက်ကို စူးစမ်းချင်မိသွားတော့တယ်။ အဲတော့မှသိလိုက်ရတဲ့ အိမ်ကြီးရဲ့လျို့ဝှက်ချက်တွေက ဘာများဖြစ်မလဲဆိုတာ ကြည့်ရှုပေးလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naing မှ ရေးသားပေးပြီး၊ ဘာသာပြန် ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size..........(1.5 GB) / (500 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 36Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Mystery Translator.......CM Team Encoder..........SWM