
ဒုတိယကမ္ဘာစစ်ဖြစ်ပွားနေချိန် အမေရိကန်စစ်တပ်အရာရှိ မေဂျာရိုက်စ်မန်းဟာ ရိုင်းစိုင်းပြီးအမိန့်ကို ဖီဆန်တတ်ရုံမက ခံစားချက်မဲ့သူဆိုပြီး ဝေဖန်ရှုတ်ချခံရကာ အထက်လူကြီးတွေရဲ့ မျက်မုန်းကျိုးတာကို ခံရသူ။ တစ်နေ့မှာတော့ သူဟာ လူသတ်မှု၊ မုဒိမ်းမှု၊ အကြမ်းဖက်မှုတွေနဲ့ သေဒဏ် မဟုတ်ရင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား ၁၂ ယောက်ကိုရွေးကာ အပြင်းအထန်လေ့ကျင့်ပေးပြီး နာဇီအခြေစိုက်စခန်းတစ်ခုကို ၀င်တိုက်ရမယ့် စစ်ဆေးရေးတစ်ခုကို တာ၀န်ပေးအပ်ခြင်းခံခဲ့ရတယ်။ စစ်ဆင်ရေးကို အောင်မြင်ခဲ့ရင် အရွေးချယ်ခံထားရတဲ့ အကျဉ်းသားတွေဟာ အပြစ်ဒဏ် လျှော့ပေါ့ပေးခံရနိုင်ခြေရှိသလို လျှော့ပေါ့ပေးမခံရနိုင်တာမျိုးလည်းရှိမယ်။ အကျဉ်းသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆိုးသွမ်းပုံချင်းမတူကြပေမဲ့ အရာရှိတွေကို မုန်းတီးတဲ့နေရာမှာတော့ တူညီကြတယ်။ သူတိုရဲ့ရန်သူဟာ နာဇီတွေမဟုတ်ဘဲ အမေရိကန်စစ်တပ်အရာရှိတွေသာဖြစ်ပြီး ကမ္ဘာစစ်ကလည်း သူတိုနဲ့မဆိုင်၊ ခံယူချက်ကိုယ်စီနဲ့ ထိန်းချုပ်ရခက်တဲ့ စိတ္တဇလူသတ်ကောင် မုဒိမ်းကောင်တွေ။ ဒီလိုမျိုး ကိုင်တွယ်ရခက်ပြီး စည်းလုံးမှုမရှိတဲ့ အကျဉ်းသား တစ်ဒါဇင်ကို မေဂျာရိုက်စ်မန်းတစ်ယောက် ဘယ်လိုမျိုး လေ့ကျင့်ပေးမလဲ။ လေ့ကျင့်ရေးအပြီး စစ်ဆင်ရေးကိုလုပ်ဆောင်ချိန်မှာရော ဆိုးမိုက်လိုထောင်ကျနေတဲ့သူတွေနဲ့ဖွဲစည်းထားတဲ့ မေဂျာရိုက်စ်မန်းတိုအဖွဲဟာ စစ်ဆင်ရေးကို အောင်မြင်အောင်လုပ်ဆောင်နိုင်မလား။ စစ်ဆင်ရေးအောင်မြင်သွားခဲ့သည်ရှိသော် အကျဉ်းသားတွေကရော အပြစ်ဒဏ်လျှော့ပေါ့ပေးခံရလေမလား…..။ The Dirty Dozen ဟာ ၁၉၆၇ ခုနှစ်ထွက် ဂန္တ၀င်မြောက် စစ်ကားကြီးတစ်ကားဖြစ်ပြီး နှစ်ပေါင်း ၅၀ ကျော်သွားခဲ့ပေမဲ့ ဒီနေ့ထိတိုင် ဇာတ်ကားကောင်းစာရင်းထဲ၀င်နေဆဲဖြစ်တာမို အချိန်ပေးရကျိုးနပ်စေမှာပါ။ File size…(13.5 GB)/(4.1 GB)/(2 GB) Quality….WEB-DL HEVC 4K/ Blu-Ray 1080p / 720p Format… mp4 Duration…. 02:30:00 Genre… Action, Adventure, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su