
ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ချင်ဖန်ဟာတရုတ်ရိုးရာသမားတော်တစ်ယောက်ဖြစ်ပြီး ကျင်းမန်ဆိပ်ကမ်းမှာနေပါတယ်။ငြိမ်းချမ်းရေးကိုလိုလားပြီးအေးအေးဆေးဆေးနေချင်သူပေါ့။ ဆိပ်ကမ်းရဲ့အဖွဲ့ကြီးနှစ်ဖွဲ့ဖြစ်တဲ့ "ရိက္ခာပို့ဆောင်ရေးအဖွဲ့" နဲ့ "ချင်းလုံအဖွဲ့" တို့ စားကျက်လုရင်းရန်ပွဲတွေဖြစ်ကြတဲ့အခါမှာ ချင်ဖန်ဟာဘုမသိဘမသိဝင်ပါမိရော။ သူဟာဖျန်ဖြေဖို့ရည်ရွယ်ချက်နဲ့ဝင်ပါခဲ့ပေမယ့်၊ မထင်မှတ်ထားစွာဘဲ လူနှစ်ယောက်သေသွားတဲ့အခါ မှော်အတတ်သုံးတယ်လို့စွပ်စွဲခံရပြီးထောင်နန်းစံရပါလေရော။ သူ့ရဲ့အပြစ်ကင်းမှုကိုသက်သေပြဖို့ထောင်ထဲကခိုးထွက်ပြီး ရင်ခွဲရုံမှာအလောင်းခွဲစိတ်တာကိုသွားကြည့်နေတဲ့အချိန်မှာပဲ ဆေးတစ်မျိုးကြောင့်မေ့မျောသွားပါတော့တယ်။ အလောင်းကလည်းပျောက်ဆုံးသွားတယ်။ အကုသိုလ်ဟာအဖော်အပေါင်းနဲ့လာတယ်ဆိုသလိုပဲ သူ့ဘာသာသူမေ့မျောပြီး ဆောင်ကြာမြိုင်တစ်ခုကိုဘယ်လိုရောက်လို့ရောက်မှန်းမသိ နှပ်နေစဥ်မှာပဲ၊ အဲ့ဒီညမှာဆိပ်ကမ်းကလူတချို့ဟာ ထိန်းချုပ်ခံရသလို အသိစိတ်မရှိတော့တဲ့ပုံစံတွေနဲ့ရေထဲခုန်ချပြီးသေသွားကြရော။ ဆိုတော့ တစ်မှုပေါ်တစ်မှုဆင့်ပြီး လူသတ်မှု၊ အလောင်းခိုးမှု၊ ထောင်ဖောက်မှုတွေအပြင် ၊ လူအများရဲ့မှော်အတတ်သုံးတယ်ဆိုတဲ့ စွပ်စွဲချက်ပါထပ်လောင်းလာတဲ့အခါမှာတော့… ချင်ဖန်ဟာသူ့ရဲ့ဖြူစင်မှုကိုသက်သေပြဖို့အတွက်ကြိုးစားရပါတော့တယ်။ ဒီအမှုတွေရဲ့နောက်ကွယ်မှာဘယ်သူရှိနေတာလဲ။ မှော်အတတ်တွေနဲ့ရောသက်ဆိုင်နေတာလား။ ချင်ဖန်ကရောဒီထူးဆန်းတဲ့အမှုတွေကိုဖော်ထုတ်နိုင်ပါ့မလား။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , Adventure Runtime : 1h 23min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 700 MB | Download | |
| 1080p | 700 MB | Download |