
ကျွန်တော်တို့ အသည်းကျော်ကြီး ကပ္ပတိန် ဂျက်စပဲရိုး တစ်ယောက် 2003 ခုနှစ်မှ ာ ထွက်ခဲ့တဲ့ Pirates of the Caribean ထဲမှာ ဘာတွေ အလုပ်ရှုပ်ခဲ့တာလဲ ဆိုတာလေး ပြန်နွေးပါရစေ.. ဒီထဲမှာ မြို့တော်ဝန်ရဲ့သမီး အဲလစ်ဇဘတ်သ်ဆွမ်း ငယ်စဉ်က သင်္ဘောပေါ်ကနေ ပင်လယ်ထဲ ငေးရင်း ကောင်လေးတစ်ယောက် မျောလာတာကနေ ဇာတ်လမ်းစထားတာပါ... သူတို့ ကြီးပြင်းလာတဲ့အခါ ရေထဲမျောပါလာတဲ့ ဝေလ်တန်နာဆိုတဲ့ကောင်လေးက ပန်းပဲဖိုက သာမန်ပန်းပဲသမားလေးတစ်ယောက် ဖြစ်လာပါတယ်.. ဒါပေမဲ့ သူ့မှာလဲ လျှို့ဝှက်တဲ့ နောက်ကြောင်းက ရှိနေပြန်ရော... တစ်နေ့မှာ အဲလစ်ဇဘတ်သ်ကို ကပ္ပတိန်ဘာဘိုဇာက ပြန်ပေးဆွဲသွားတယ် ဘာဆိုဇာဆိုတဲ့ သူကတော့ ရတနာသိုက်တစ်ခုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဂျက်နဲ့ သဘောထားကွဲလွဲတော့ ဂျက်ဆီကနေ ပုလဲနက်ကို လုသွားတဲ့ကောင်ပေါ့.. ဖြစ်ချင်တော့ ဘာဘိုဇာနဲ့ သူ့တပည့် သင်္ဘောသားတွေဟာ ရှေးဟောင်းကျိန်စာတစ်ခုကို မိနေပြီး အသက်လည်း မရှင်နိုင် သေလည်း မသေနိုင်တဲ့ကောင်တွေ ဖြစ်နေကြပါတယ်... အဲဒီကျိန်စာကို ဖျက်ဖို့ သွေးနဲ့ ယစ်ပူဇော်ရမှာပါ သူတို့တွေက ကျိန်စာပြယ်ဖို့ ကြိုးစားရင်း ဂျက်နဲ့ ပြန်ဆုံကြပြီး ဘာတွေ အလုပ်ရှုပ်ကြလဲ ဇာတ်ကားထဲမှာသာ ဆက်ကြည့်လိုက်ကြပါ... ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် May Tharaphi Lwin ကရေးသားပေးထားပါတယ်.. File Size :(6.94GB) (3.71GB) and (1.2GB) Quality : Blu-Ray4k.HEVC.AC3, 1080p 5.1CH,720P Format…mp4 Duration…02:23:00 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae
| Provider | Resolution | File Size | |
|---|---|---|---|
| 4K | 6.94 GB | Download | |
| 1080p | 3.7 GB | Download | |
| 1080p | 3.7 GB | Download | |
| 720p | 1.2 GB | Download |