
ဒကို သခင်လေးနဲ့ ရစ်ချက်တိုက စုစုပေါင်း ဂျပန်ယန်း၅ဘီလီယံလောက်ကို လိမ်လည်နိုင်ခဲ့တဲ့ စူပါလူလိမ်သုံးယောက်ပါ။ သူတိုတွေက ဆွတ်ချိနော့ခို တတိယမျိုးဆက်ဆရာကြီးရဲ့ တပည့်ရင်းတွေလည်းဖြစ်ကြပါတယ်။ ဆွတ်ချိနော့ခိုဆိုတာက ဂျပန် dandariလာမြွေတစ်မျိုးရဲ့နာမည်ပါ။ ဒီမြွေက လိမ်ရတာကိုကြိုက်နှစ်သက်ပြီးတော့ ခန္ဓာကိုယ်က အရက်နံ့ထွက်နေတယ်လိုဆိုကြပါတယ်။ ဂျပန်မှာလည်း ဒီ ဆွတ်ချိနော့ခိုကို ဖမ်းပြီးတော့ ရွာလူကြီးဆီပိုနိုင်ရင် ယန်း၂သန်းတိတိ ချီးမြှင့်မယ်လို ကြေညာထားတာမျိုးလည်းရှိပါတယ်။ အခုတော့ တတိယမျိုးဆက်ဆရာကြီးလည်းဆုံးသွားပြီး သူတိုအဖွဲလည်း လိမ်လည်မှုတွေမလုပ်ရတာ ၂နှစ်လောက်ရှိပါပြီ။ ဒါ့ကြောင့် သူတို ၃ယောက်ထဲက ဆရာအကျဆုံးတစ်ယောက်ကိုရွေးဖိုအတွက် နောက်ဆုံးပြိုင်ပွဲလိုခေါ်တွင်မဲ့ လိမ်ပွဲကြီးကျင်းပကြဖိုဆုံးဖြတ်လိုက်ကြပါတယ်။ ဘာကိုလိမ်မှာလဲဆိုတော့ မော်လတာနိုင်ငံမှာ အခြေချနေတဲ့ ဂျရယ် ဆိုတဲ့ စပိန်မာဖီးယားဆီက "ဗီးနပ်စ်ရုပ်တု"ကိုပါ။ တစ်ဖက်မှာလည်း သူတိုကို ဖမ်းမိဖိုအတွက် သဲသဲမဲမဲလိုက်နေတဲ့ အင်တာပိုကစုံထောက် မာရိမုရနဲ့ ဂျပန်စုံထောက် တန်ဘာတိုကလည်း ရှိနေပါတယ်။ သူတို၃ယောက်ကြားကယှဉ်ပြိုင်မှုတွေနဲ့ သူတိုကိုဖမ်းချင်နေတဲ့သူတွေဆီက လက်တစ်လုံးခြား ဘယ်လိုရှောင်တိမ်းလိမ်လည်ကြပြီး... တကယ်တမ်း ဘယ်သူတွေအလိမ်ခံရမလဲဆိုတာကိုတော့ IMDb 6.5/10ရရှိထားတဲ့ ဒီရုပ်ရှင်ထဲမှာဆက်ပြီးရှုစားလိုက်ကြပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(3GB) / (1.5GB) Quality__BluRay_1080p, 720p IMDb Rating__6.5/10 Format__mp4 Duration__02:06:00 Type__Action, Adventure, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
January 14, 2022
ကြာချိန်
2h 7m
အဆင့်သတ်မှတ်ချက်
6.6 / 10
Director
Akira Tanaka