
သမိုင်းမှာ Holocaust ဖြစ်ရပ်ကိုကြားဖူးကြမယ်ထင်ပါတယ်။ လူ့သမိုင်းတစ်လျှောက်မှာ ဖြစ်ပျက်ခဲ့တဲ့ အရေးပါဆုံးဖြစ်စဥ်တွေထဲကတစ်ခုဖြစ်ပြီး ဂျူးလူမျိုး ၆သန်းကျော်ကို လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ ဒီအဖြစ်အပျက်က ဒုတိယကမ္ဘာစစ်နဲ့တကွ နောင်လာမဲ့ကမ္ဘာ့နိုင်ငံရေးဖြစ်စဥ်တွေကိုပါ ရိုက်ခတ်မှုကြီးမားခဲ့ပါတယ်။ အခုရုပ်ရှင်က နာဇီတွေရဲ့ဂျူးပြဿနာကိုဖြေရှင်းမဲ့ Final Solution ဆိုတဲ့စီမံကိန်းနဲ့ ဒီစီမံကိန်းကို အကောင်အထည်ဖော်ခဲ့တဲ့ Holocaust အဖြစ်အပျက်ရဲ့ မြစ်ဖျားခံရာ Wannsee Conference အကြောင်းကို Dokudrama အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်တစ်ခုလုံးဟာ Wannsee Conference ကျင်းပနေတဲ့ မိနစ်ပိုင်းတွေကို ဘေးကနေထိုင်ကြည့်နေရသလို တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစည်းအဝေးကို ဘာလင်မြို့ပြင်က Wannsee ဆိုတဲ့အရပ်မှာကျင်းပခဲ့ပြီး အစည်းအဝေးကို နာဇီဂျာမနီအစိုးရရဲ့ ထိပ်တန်းအရာရှိတွေနဲ့ SS ထိပ်သီးခေါင်းဆောင်တွေတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီလူတွေထဲမှာ ထိပ်တန်းဂျာမနီတက္ကသိုလ်တွေမှာ ပညာသင်ကြားခဲ့တဲ့ ပညာရှင်တွေ ခေါင်းဆောင်တွေပါဝင်ပြီး ဒီလူတွေကပဲ လူ့သမိုင်းမှာမကြုံဖူးလောက်တဲ့ စနစ်တကျလူမျိုးတုံးသတ်ဖြတ်မှုကြီးကို စီမံခဲ့တာပါ။ ဒီအစည်းအဝေးဟာ ကမ္ဘာ့သမိုင်းဖြစ်စဥ်ရဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ နာဇီတွေဟာ ဥရောပတိုက်ကို ကျူးကျော်မှုစပြီးမကြာမီမှာ ဂျူးပြဿနာကိုဖြေရှင်းဖို့ စဥ်းစားခဲ့တာဖြစ်ပြီး ပထမဆုံးအနေနဲ့ ဂျူးတွေအားလုံးကို မာဒါဂါစကားကျွန်းကိုပိုဖို့စီစဥ်ခဲ့ပေမဲ့ စစ်ပွဲအခြေအနေနဲ့ ရေကြောင်းအင်အားမလုံလောက်မှုကြောင့် အရှေ့ဘက်ဒေသလို့ခေါ်တဲ့ ဂျာမန်အသိမ်းပိုက်ခံ ပိုလန်နိုင်ငံကိုပို့ပြီး ဓာတ်ငွေ့ခန်းတွေထဲမှာ စီရင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်တွေအားလုံးကို ဒီအစည်းအဝေးမှာပဲဆုံးဖြတ်ခဲ့ပါတယ်။ ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့လိုအပ်တဲ့လုပ်ငန်းစဥ်တွေ၊ အသေးစိတ်အချက်တွေကို ဆွေးနွေးကြတာကို သမိုင်းစိတ်ဝင်စားသူတွေအတွက် စိတ်ဝင်စားဖွယ်တွေ့မြင်ရမှာပါ။ ဒီရုပ်ရှင်က ဂျာမန်တယ်လီဗေးရှင်းဆုများနဲ့ နိုင်ငံတကာဆုများကိုလည်းရရှိထားပါတယ်။ အစည်းအဝေးအစကနေ အဆုံးထိကို ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကားတစ်လျှောက်လုံး စကားတွေပဲထိုင်ပြောနေတာဖြစ်တဲ့အတွက် ပရိသတ်တချို့အတွက်တော့ ပျင်းရိစရာကောင်းနေမှာဖြစ်ပေမဲ့ သမိုင်းကိုစိတ်ဝင်စားသူတွေအတွက်တော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ခုဖြစ်မှာပါ။ ဘာသာပြန်သူကတော့ Wolfenheim ဖြစ်ပါတယ်။ File size…(1.4 GB)/(600 MB)/(340 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...History, War, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemheim