
IMDb Rating (7.9/10) Rotten Tomatoes (93%) ဒီဇာတ်ကားရဲ့ ဒါရိုက်တာက Kwak Jae-yong ဖြစ်ပြီး သူရိုက်သမျှ ကားတိုင်းက ရင်ထဲထိရှရတာချည်းပါပဲ... My Sassy Girl,Windstruck,Daisy နဲ့ ခု The Classic တို့လို ကိုရီးယားနာမည်ကျော်အချစ်ဇာတ်ကားတွေရိုက်ခဲ့သူပါ... ကိုရီးယားဇာတ်ကားတွေကို ချစ်တတ်လာဖို့ ခုဇာတ်ကားတွေက ကနဦးထိုးဖောက်နေရာယူခဲ့ပါတယ်။ ဇာတ်ကားနာမည်က Classic ဆိုတဲ့အတိုင်း ဂန္တဝင်အချစ်ဇာတ်လမ်းတစ်ပုဒ်လို တစ်ခါကြည့်ဖူးတာနဲ့ စွဲမိနေမှာပါပဲ။ မင်းသား Cho Seung-woo, Jo In-Sung တို့နဲ့ မင်းသမီး ဆွန်ရီဂျင်တို့လို တကယ့်ဒိတ်ဒိတ်ကြဲတွေနဲ့မို့ ပိုထိရတယ်ဆိုရင်လဲ မမှားပါဘူး။ ဇာတ်လမ်းလေးကတော့... ကောင်မလေးတယောက်က သူ့အမေရဲ့ ငယ်ချစ်ဦး ဇာတ်လမ်းကို ပေးစာဟောင်းနဲ့ ဒိုင်ယာရီတွေကနေ ဖတ်မိတဲ့ ပုံမျိုးနဲ့ ဇာတ်လမ်းကို စတင်ပါတယ်။ သမီးနဲ့ အမေ ဇာတ်ရုပ် နှစ်ခုလုံးကို မင်းသမီးဆွန်ရီဂျင်တစ်ယောက်ထဲက သရုပ်ဆောင်ထားပြီး အမေရဲ့ ငယ်ချစ်ဦးပုံပြင်နဲ့ သမီးရဲ့ လက်ရှိ မပြီးဆုံးသေးတဲ့ အချစ်ဇာတ်လမ်းကို နှစ်ခုယှဉ်တွဲလို့ သရုပ်ဖော် ထားတာပါ။ ကံကြမ္မာရဲ့ ဆန်းကျယ်ပုံ .. ကျောင်းသားဘဝ ရယ်စရာတချို့ နဲ့အတူ .. ဆယ်ကျော်သက်အရွယ် ဖြူ စင်တဲ့ မေတ္တာ ... လွမ်းမောဖွယ် ချစ်သူနှစ်ဦးရဲ့ ပုံရိပ်တွေဟာ ဆွတ်ပျံ့ကြည်နူးစရာမို့ ဇာတ်လမ်းအဆုံးထိ ကြည့်ပြီးတဲ့အခါ ရင်ဘတ်ထဲ တခုခု ကျန်နေရစ်ခဲ့မှာ သေချာပါတယ်။ ဒီဇာတ်ကားကို ဘာသာပြန်တဲ့သူ ကိုယ်တိုင် ၆ခါ ထက်မနည်း မကြာခဏ ပြန်ကြည့်ဖြစ်တဲ့ ဇာတ်လမ်းလေးဖြစ်ပြီး၊ The Notebook တို့ Dear John တို့လို အချစ်ဇာတ်လမ်းလေးတွေ ကြိုက်တတ်သူ ဆိုရင် ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Allie Scarlett ဖြစ်ပါတယ်။) File size…(2.3 GB)/(1.1 GB) Quality….UHD Rip 1080p/720p Format…mp4 Duration….02:12:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Allie Scarlett
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |