
အချစ်ဆိုတာ ဘယ်လိုပုံစံမျိုးလို့ ထင်ကြလဲ? ပန်းပွင့်လေးတွေလား၊ လိပ်ပြာလေးတွေလား? ဒီကားထဲမှာတော့ အချစ်ဆိုတာ အရောင် အနံ့ အရသာ ပုံစံမျိုးစုံနဲ့ ချိစ်လေးတွေလိုပါတဲ့။ ဒီလိုချိစ်လေးတွေ ကိုယ့်ဆီရောက်လာဖို့အတွက် အဆင့် ၄ ဆင့်ရှိပါတယ်တဲ့။ ၁. နွားနို့ကို ကွာလတီကောင်းအောင် သေချာညှစ်ယူမယ် ၂. ချိစ်လုပ်မယ် ၃. ရလာတဲ့ချိစ်တွေကို ဆိုင်တွေဆီတင်ပို့ရမယ် ၄. ချိစ်လေးတွေကို ကိတ်မုန့်အသွင်ပြောင်းပြီး ကိုယ်ပေးချင်တဲ့သူဆီ လက်ဝယ်အပ်မယ် ဒီဇာတ်ကားထဲက ပရန်ပြောသလိုဆိုရင် ချိစ်ဆိုတာဖြစ်လာအောင် အဆင့်ဆင့်ကြိုးစားကြရသလိုမျိုး အချစ်ဆိုတာဟာလည်း အလားတူပါပဲတဲ့။ ဒီကားလေးထဲမှာတော့ နွားနို့ဘဝကနေ ချိစ်ကိတ်မုန့်တုံးလေး လက်ထဲရောက်လာတဲ့အချိန်အထိ timeline တလျှောက်ဖြစ်ပေါ်လာတဲ့ မိန်းကလေးတို့ကြားက ချစ်ခြင်းတရားတွေကို မြင်တွေ့ရမှာပါ။ ပထမအဆင့် - ကွာလတီကောင်းတဲ့နွားနို့ရအောင် နွားခြံပိုင်ရှင်ကောင်မလေးဖန်းနဲ့ သူ့သူငယ်ချင်းဖွန်တို့ရဲ့ ရုန်းကန်လှုပ်ရှားပုံ၊ ဒုတိယအဆင့် - ချိစ်လုပ်တဲ့သင်တန်းပိုင်ရှင်သမီး နောင်းနဲ့ အိမ်ရဲ့ဒဏ်မခံနိုင်လို့ နောင်းတို့ရဲ့ဧည့်ရိပ်သာဆီရောက်လာတဲ့ အိုင်ရင်းတို့ရဲ့လက်ရာ ချိစ်လေး၊ တတိယအဆင့် - ချိစ်ကိုမြို့ပေါ်တင်ပို့ရမယ့် Delivery သမားပရန်နဲ့ လမ်းကြုံလိုက်လာတဲ့ တစ်ချိန်ကမြတ်နိုးရသူ မြူတို့ အတိတ်ကချစ်ခြင်းကိုတူးဆွမိသွားတဲ့ ခရီးလမ်းရှည်နဲ့ နောက်ဆုံးအဆင့် - ရလာတဲ့ချိစ်ကို အချစ်တွေအပြည့်နဲ့ချိစ်ကိတ်အဖြစ်ပုံဖော်ရင်း ကော်ဖီဆိုင်ပိုင်ရှင်မလေးဖတ်ကို ချစ်ရေးဆိုမယ့် အိမ်နီးချင်းမလေးမယ်ဂျီတို့ရဲ့ GL ဇာတ်လမ်းတို ၄ ပုဒ်ကို ကြည့်ရှုရမှာပါ။ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး BNK48 နဲ့ CGM48 အဖွဲ့ဝင်တွေ မင်းသမီးတွေအနေနဲ့ ကိုယ်တိုင်တင်ဆက်ပြသထားတဲ့ "ချိစ်ဆန်တဲ့အချစ်" ဆိုတာ ဘာလဲဆိုတာကိုတော့ ကိုယ်တိုင်လာရောက်မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre..... Drama, Romance Quality…. 1080p | 720p | 480p File size… 2GB | 1GB | 515MB Format… mp4 Duration…. 2h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xing Egg Encoder ..... Aaron
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2GB | Download | |
| 720p | 1GB | Download | |
| 1080p | 2GB | Download | |
| 720p | 1GB | Download |
ထုတ်လွှင့်သည့်နေ့
November 24, 2022
ကြာချိန်
2h 14m
အဆင့်သတ်မှတ်ချက်
0.0 / 10
Director
Chookiat Sakveerakul, Nattapong Arunnate, Chantana Tiprachart, Sorawit Meungkeaw, Aussada Likitboonma