
ဒီဇာတ်လမ်းရဲ့အစကို ထောင်ထဲရောက်နေတဲ့မူးယစ်ရာဇာတစ်ယောက် ထောင်ထဲမှာ အာဏာပါဝါပြနေပုံနဲ့ဖွင့်ထားပါတယ်။ မူးယစ်ရာဇာဟာ ထောင်အပြင်ကသူ့သားရယ် ပါတနာညီအကိုသုံးယောက်ရယ်နဲ့ချိတ်ဆက်ပြီး ဟူစတန်မြို့ရဲ့အမှောင်ဘက်ခြမ်း မူးယစ်ဂိုဏ်းလောကကိုချုပ်ကိုင်ထားသူတွေထဲကတစ်ယောက်ပါ။ ဟူစတန်မြို့ မူးယစ်ဆေးလောကမှာ ဂိုဏ်းပေါင်းစုံရှိတဲ့အထဲ အဲဒီဂိုဏ်းဟာ အဆိုးဆုံးအကြမ်းကြုတ်ဆုံးဖြစ်ပြီး ငွေကြေးအင်အား လူအင်အားတောင့်တင်းတဲ့အပြင် ဂိုဏ်းကိုဦးစီးနေတဲ့ ညီအစ်ကိုသုံးယောက်ရဲ့ပါးနပ်မှု သိုသိုဝှက်ဝှက်အလုပ်လုပ်တတ်မှုတို့ကြောင့် ရဲတပ်ဖွဲ့အနေနဲ့သက်သေခိုင်ခိုင်မာမာရှာလို့မရဘဲ ဖမ်းဆီးလို့မရနိုင်ဖြစ်နေပါတယ်။ ဒီအတွက်ရဲတပ်ဖွဲ့ဟာ အဲဒီဂိုဏ်းရဲ့မကောင်းတဲ့လုပ်ရပ်တွေကိုဖော်ထုတ်နိုင်ဖို့ စုံထောက်တစ်ယောက်ကို သူလျှိုအနေနဲ့လွှတ်ပြီး မူးယစ်ဂိုဏ်းထဲဝင်ဖို့ကြိုးစားစေပါတယ်။ အဲဒီစုံထောက်ဟာ မူးယစ်ဂိုဏ်းထဲကိုဝင်ခွင့်ရပြီး ရဲတပ်ဖွဲရဲ့ဆန္ဒအတိုင်း မူးယစ်ဂိုဏ်းကိုဖြိုခွဲသွားနိုင်မလား ဒါမှမဟုတ် ပါးနပ်တဲ့ညီအစ်ကိုသုံးယောက်လက်အောက်မှာပဲ ကျဆုံးသွားမလား... မူးယစ်ရာဇာရဲ့သားကကော ဘယ်လိုပါဝင်ပတ်သက်နေလဲ... စုံထောက်ကိုနောက်ကွယ်ကအကူအညီပေးနေတဲ့ရဲတပ်ဖွဲ့ကရော ရိုးသားရဲ့လား... စတဲ့ သို့လောသို့လောပေါင်းများစွာနဲ့အတူ ဇာတ်လမ်းအစကနေ အဆုံးအထိ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Paing Hein Kyaw မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 725MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Paing Hein Kyaw Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.7 GB | Download | |
| 720p | 725 MB | Download | |
| 1080p | 1.7 GB | Download | |
| 720p | 725 MB | Download |
ထုတ်လွှင့်သည့်နေ့
April 4, 2022
ကြာချိန်
1h 32m
အဆင့်သတ်မှတ်ချက်
1.0 / 10
Director