
"ကမ္ဘာပေါ်မှာ ငါ့အတွက်အိမ်လို့ခေါ်နိုင်တဲ့နေရာက တစ်ခုတည်းပဲရှိတယ် အဲဒါကမင်းရှိနေတဲ့နေရာပဲ" Armand Goldman (Owner of the Birdcage) IMDB 7.2, Rotten Tomatoes 83% ရထားတဲ့ ဒီ The Birdcage (1996)ဆိုတဲ့ LGBT/Comedyကားလေးမှာတော့ ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Nathan Lane (Mouse huntမင်းသားကြီး)နဲ့ Robin Williams (Jumamji 1995မင်းသားကြီး)တို့က အဓိကပါဝင်ထားကြတာပါ.. "ဇာတ်လမ်းအကျဉ်း" အမျိုးသားတွေက အမျိုးသမီးအဝတ်အစားတွေဝတ်ပြီးကပြဖျော်ဖြေရတဲ့ Dragလို့ခေါ်တဲ့အကရဲ့ Birdcageကလပ်ပိုင်ရှင် တစ်ဖြစ်လည်း ဒါရိုက်တာအာမန်နဲ့ ထူးချွန်တဲ့တင်ဆက်သူ အဲလ်ဘတ်တို့က အတွဲညီတဲ့ အတူနေလိင်တူချစ်သူတွေပေါ့.. စိတ်ခံစားချက် နုနယ်ပြီး ထိလွယ်ရှလွယ် အဲဘ်ဘတ်နဲ့ ရင်ထဲကစကားတွေကို တော်ရုံထုတ်မပြတတ်ပေမယ့် ဂရုစိုက်တတ်တဲ့ အာမန်တို့က လူလတ်ပိုင်းအရွယ်လိင်တူလင်မယားအဖြစ်နဲ့ သားလေးတစ်ယောက်လည်း မွေးထားခဲ့တာပါ.. တစ်ဦးတည်းသော သားလေးကို တုန်နေအောင်ချစ်လို့မဝသေးခင် အခုမှ အသက် ၂၀ အရွယ်သားဖြစ်သူက တစ်နေ့မှာတော့ သူ လက်ထပ်ချင်တဲ့သူရှိပါပြီလို့ တောင်းဆိုလာတဲ့အခါ... ရင်ကွဲပက်လက်ဖြစ် ဟတ်ထိသွားကြပေမယ့်လည်း သားဖြစ်သူစိတ်ချမ်းသာဖို့အရေး လိုက်လျောဖို့တွေးရပါတော့တယ်.. ဒါပေမယ့်လည်း သူတို့သားဖြစ်သူ လက်ထပ်မယ့်သူက ရိုးရိုးသတို့သမီးမဟုတ်ဘဲ ဂုဏ်သရေရှိ လွှတ်တော်အမတ်တစ်ဦးရဲ့ သမီးဖြစ်နေတဲ့အခါမှာတော့... တစ်ဖက်မိဘတွေက ဒီမင်္ဂလာပွဲကို အကန့်အကွက်မရှိ ခွင့်ပြုနိင်ဖို့အရေး ဘယ်လိုတွေလုပ်ဇာတ်ခင်းကြမလဲ.. အဖေနှစ်ယောက်ရှိနေတာကို အသိမပေးဘဲ အဖေတစ်ယောက် အမေတစ်ယောက်လို့ထင်ဖို့အရေး ဘယ်လို အမျိုးမျိုးသော ကလိမ်ကကျစ်နည်းပေါင်းစုံနဲ့ လှည့်စားကြမလဲ... လွှတ်တော်အမတ်တွေဘက်ကရော သူတို့လို လိင်တူစုံတွဲရဲ့သားကို သူတို့သမီးနဲ့ လက်ထပ်ဖို့ခွင့်ပြုနိင်ပါ့မလား.. ဒါရိုက်တာအာမန်နဲ့ တင်ဆက်သူအဲလ်ဘတ်တို့ တတ်ထားတဲ့ပညာတွေကိုသုံးပြီး အဆုံးထိ ပိပိရိရိလှည့်စားလိုက်နိုင်ပြီး လက်ထပ်ခွင့်ရသွားကြမလား... တစ်ဝက်တစ်ပျက်နဲ့ အလိမ်ပေါ်ပြီး အရှက်တကွဲ အကျိုးနည်းဖြစ်သွားကြမလား.. ဆိုတာကိုတော့ အလွဲလွဲအချော်ချော်ပေါင်းများစွာကို အသည်းတယားယား ရင်တထိတ်ထိတ်နဲ့ အခွီတစ်လိုင်း ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မှာမို့ အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Emilyပဲဖြစ်ပါတယ်) File size…(2.78GB) / (1.26GB) /698MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:57:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.78 GB | Download | |
| 1080p | 2.78 GB | Download | |
| 720p | 1.28 GB | Download | |
| 720p | 1.28 GB | Download |
ထုတ်လွှင့်သည့်နေ့
March 8, 1996
ကြာချိန်
1h 59m
အဆင့်သတ်မှတ်ချက်
7.0 / 10
Director
Mike Nichols