
စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဟာပါ.. သူရေးထားတဲ့စာအုပ်က မရောင်းရလို့ စာတိုက်က မထုတ်ဝေပေးဘဲ သူငယ်ချင်းဟောင်းတစ်ယောက်ဖြစ်တဲ့ အားကစားသမားလန့်စ်ရဲ့ အတ္ထုပတ္တိကိုရေးဖို့ အကြံပေးပါတော့တယ်၊ တစ်ဖက်မှာလည်း ဇနီးဖြစ်သူက ကလေးမွေးတော့မှာပါ ဒီလိုနဲ့ ငွေလိုနေတဲ့ ဟာပါတစ်ယောက် သူငယ်ချင်းရဲ့ အတ္တုပတ္တိကို ရေးဖို့ တွေဝေနေပါတယ်၊ ဒီလိုအချိန်မှာ သူငယ်ချင်းဟောင်းတစ်ဖြစ် လန့်စ်ရဲ့ဇနီးဖြစ်သူ မီယာက ခရစ်စမတ်ပိတ်ရက်ကို သူငယ်ချင်းတွေ အတူတူပြန်ဆုံကြဖို့ ဖိတ်လာပါတယ်။ ဒီလိုနဲ့ ခရစ်စမတ်ပိတ်ရက်အတွင်း ငယ်သူငယ်ချင်းတွေပြန်ဆုံပြီး အရင်လိုခင်ခင်မင်မင်ပြန်နေဖို့ကြိုးစားတဲ့အချိန်မှာ ဘယ်လိုကိစ္စတွေကြုံကြရမလဲ၊ ဟာပါကရော ငွေကြေးအခက်အခဲဖြေရှင်းနိုင်ဖို့အတွက် လန့်စ်ရဲ့အတ္ထုပတ္တိကိုရေးပါ့မလား လန့်စ်ကို ဘယ်လိုစည်းရုံးမလဲ စတာတွေနဲ့အတူ သူငယ်ချင်းတွေကြား သံယောဇဉ်တွေ ပြဿနာတွေကို ရသအစုံနဲ့ ကြည့်ရှူရမှာပဲဖြစ်ပါတယ် File size…1.83GB / 735MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 45m Genre ..... Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Benni