
The Best Exotic Marigold Hotel (2011) ~ IMDb – 7.2/10, Rotten Tomatoes – 78% ~ Shakespeare in Love နဲ့အော်စကာဆုရခဲ့တဲ့ ဒါရိုက်တာ John Madden ရဲ့လက်ရာဖြစ်ပြီး Cast တွေကလည်း တကယ့် ထိတ်ထိတ်ကြဲတွေချည်းပါပဲ။ Maggie Smith တို့၊ Judi Dench တို့လို ဝါရင့်မင်းသမီးကြီးတွေအပြင် Bill Nighy တို့၊ Tom Wilkinson တို့လို မင်းသားကြီးတွေလည်း သုံးထားပါတယ်။ နောက် Slumdog Millionaire နဲ့ နာမည်ကြီးခဲ့ပြီး Lion ရုပ်ရှင်မှာ အဓိကဇာတ်ကောင်အနေနဲ့ ဆုများစွာသိမ်းပိုက်ခဲ့တဲ့ အိန္ဒိယနွယ်ဖွား ဗြိတိန်လူမျိုး Dev Patel လည်းပါသလို သူ့ရဲ့အနုပညာမှတ်တိုင်တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ ငယ်ရွယ်ခြင်းက အားသာချက်တစ်ခုဆိုရင် အိုမင်းရင့်ရော်လာခြင်းမှာလည်း အလှတရားတစ်ခုရှိနေပါတယ်။ လူငယ်တွေကိုပဲဇာတ်လိုက်ထားပြီးရိုက်တဲ့ ရုပ်ရှင်အများစုကြားမှာ ထူးထူးခြားခြားဖြစ်နေတဲ့ The Best Exotic Marigold Hotel ကနေ သင်ယူရမှာကတော့ Life Purpose ကိုရှာဖွေဖို့ ဘယ်တော့မှနောက်ကျတယ်လို့ မရှိဘူးဆိုတာပါပဲ။ လောကဓံရဲ့အထုအထောင်းများစွာကိုခံထားရပြီး နွမ်းနယ်နေတဲ့ အင်္ဂလိပ်လူမျိုးပင်စင်စားတစ်ဖွဲ့ဟာ ဘဝသစ်ပြန်စဖို့ အိန္ဒိယနိုင်ငံ ဂျိုက်ပေါမြို့စွန်က မာရီဂိုးဟိုတယ်ဆီမှ ာလာဆုံတွေ့ခဲ့ကြတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နယ်မြေသစ် ယဥ်ကျေးမှုသစ်မှာ အသားကျဖို့ကြိုးစားကြပုံတွေကနေ ဘဝမှာ Resiliency ဆိုတဲ့ နလန်ထူနိုင်စွမ်းရဲ့အရေးပါပုံကို ပြသွားတာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 960MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 2H 4Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2GB | Download | |
| 1080p | 2.2GB | Download | |
| 1080p | 2.2GB | Download | |
| 1080p | 2.2GB | Download | |
| 720p | 960MB | Download | |
| 720p | 960MB | Download | |
| 720p | 960MB | Download | |
| 720p | 960MB | Download | |
| 720p | 960MB | Download | |
| 720p | 960MB | Download |