
ခုတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Action အမျိုးအစားဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီဇာတ်လမ်းလေးမှာဆိုရင် မီးခံသေတ္တာဖောက်ပါရဂူ တစ်ယောက်နဲ့ သူ့ရဲ့မိတ်ဆွေဟောင်းတို့ ပြန်ဆုံကြပြီး ငွေခိုးယူမှုလုပ်ကြပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်….. Landon Mooney ဟာ ဆိုရင် မီးခံသေတ္တာဖောက်ဝိဇ္ဇာ တစ်ယောက်ဖြစ်ပြီး ဘဏ်ဖောက်ထွင်းမှုတွေကို လုပ်ကိုင် ခဲ့သူတစ်ယောက်ဖြစ်ပါတယ် သို့သော်လည်း သူဟာ ကတိ မတည်တတ်သူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် အလုပ် အတူတွဲလုပ်ခဲ့သူကို ဝေစုမပေးဘဲ ထွက်ပြေးရာ မိတ်ဆွေဟောင်း အကြွေးရှင်ရဲ့ လိုက်လံရှာဖွေမှုကို ခံရပါတော့တယ်.. မိတ်ဆွေဟောင်း အကြွေးရှင်ဟာလည်း ထောင်ကျနေသူဖြစ်တဲ့ အတွက် တူဖြစ်သူ Elvis ထံ တာဝန်ပေးလျက် Mooney ကို ရှာဖွေစေခဲ့ပါတယ်.. အရက်သောက် လောင်းကစားလုပ်ကာ ခိုးရာပါ ဒေါ်လာ ၁ သိန်းခွဲကို ဖြုန်းတီးပစ်ကာ ကိုယ်ပိုင်အိမ်မရှိဘဲ မြေးမတစ်ယောက်အိမ်မှာ ကပ်နေရသူ Mooney နဲ့ Elvis တို့ ဆုံရချိန်မှာတော့ အကြွေး ပေးစရာဘာပိုင်ဆိုင်မှုမှမရှိသော Mooney တစ်ယောက်ဟာ အသတ်ခံရမယ့်ဘေးကို ဆိုက်ရောက်လာပါတော့တယ် သို့သော်လည်း Elvis ဟာ စိတ်ရင်းကောင်းသူတစ်ယောက်ပီပီ Mooney တစ်ယောက် အသတ်မခံရရေးအတွက် အကြွေးဆပ်ရမည့် ငွေရှာဖွေနိုင်မယ့်နည်းလမ်းရှာဖွေပေးဖို့ အတင်းအကြပ်ပြောဆို လာချိန်မှာတော့ အကြံအစည်ရှိပြီးသား Mooney ဟာ ချက် လက်မှတ်နှင့်ငွေလဲဌာနကို ပစ်မှတ်ထားမည့် ဖောက်ထွင်းမှု အစီအစဉ်ကို ချပြလာပါတော့တယ်… Mooney တစ်ယောက်ဟာ ရှေ့မီနောက်မီဖြစ်သူပီပီ မြို့အတွင်း အဆောက်အဦများအကြောင်း နောကြေသူဖြစ်ရာ ဖောက်ထွင်းမှုကို လွယ်လွယ်ကူကူပဲ တစ်ပတ်အတွင်းအစီအစဉ်ချပြီး ၈ ရက် မြောက်တဲ့နေ့ ဖောက်ထွင်းမှုလုပ်ချိန်မှာ မထင်မှတ်ထားတဲ့ အလှည့် အပြောင်းတွေ ပေါ်ပေါက်လာတဲ့နောက်မှာတော့… ဒီကားလေးဟာဆိုရင် ဇာတ်လမ်းဇာတ်ကွက် ချိတ်ဆက်မှုကောင်းပြီး ဇာတ်သဘောအချိုးအကွေ့တွေနဲ့ ပရိသတ်ကို လှည့်စားထားလို့ Action ကားချစ်သူများ Thriller ကားချစ်သူများရဲ့စိတ်ကို အာသာပြေ စေနိုင်မယ့်ကားလေးဖြစ်ကြောင်း ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ….. File size… (1.08 GB) / (663 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.08 GB | Download | |
| 1080p | 1.08 GB | Download | |
| 1080p | 1.08 GB | Download | |
| 1080p | 1.08 GB | Download | |
| 720p | 663 MB | Download | |
| 720p | 663 MB | Download | |
| 720p | 663 MB | Download | |
| 720p | 663 MB | Download |