
IMDb – 6.3 မားသားဖာ့ကာကြီး Samuel L. Jackson ကိုယ်တိုင် ဓာတုဗေဒပညာရှင်တယောက်အနေနဲ့ ဝင် cook ပေးထားတဲ့ 2001 ထွက် မှုခင်းဟာသရုပ်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အယ်မို မက်ကယ်ရွိုင် (Samuel L. Jackson) ဟာ ကျွမ်းကျင် အမေရိကန်ဓာတုပညာရှင်တစ်ယောက်ဖြစ်ပြီး ဘွဲ့ရလာတဲ့နေ့မှာတင် ဆေးခြောက်မှုနဲ့အဖမ်းခံလိုက်ရလို့ မူးယစ်ဆေးချက်ပညာရှင်ဖြစ်သွားခဲ့ပါတယ်။ နောက်အနှစ် ၃၀ အကြာမှာတော့ အယ်မိုက ပီအိုအက်စ် ၅၁ လို့ခေါ်ပြီး သမိုင်းမှာရှိခဲ့ဖူးသမျှ မူးယစ်ဆေးအားလုံးထပ် ၅၁ ဆ ပိုပြင်းတဲ့ဆေးကို ချက်နိုင်ခဲ့တဲ့အပြင် ဆေးဖော်မြူလာကိုလည်း ဒေါ်လာ သန်း ၂၀ နဲ့ ရောင်းဖို့ဖြစ်လာခဲ့ပါတယ်။ ဒီဖော်မြူလာကို လီဗာပူးလ်မြို့က မူးယစ်ကုန်သည် ဒူးရန့်နဲ့ အရောင်းအဝယ်လုပ်ဖို့ သဘောတူထားပေမဲ့လည်း အမေရိကန်မှာ အယ်မိုလုပ်လာတဲ့အရှုပ်တွေက သူ့ရဲ့အရောင်းအဝယ်ကို ဝင်နှောက်ယှက်လို့ပျက်သွားပြီး အယ်မိုတယောက် ဒူးရန့်နဲ့ တပည့် ဖီးလစ်နဲ့ လီဗာပူးလ်မြို့မှာ ပိတ်မိသွားခဲ့ပါတယ်။ ဒေါ်လာ သန်း ၂၀ ပိုက်ပြီး အေးဆေးနေချင်တဲ့ အယ်မိုတယောက် သူ့ရဲ့ ပီအိုအက်စ် ၅၁ ဖော်မြူလာကို ရောင်းချဖို့လုပ်ရင်း ဖီးလစ်နဲ့အတူ အခက်အခဲပေါင်းစုံဖြတ်ကျော်ကြတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ စကားအသုံးအနှုံးအကြမ်းစားတွေအပြင် သွေးထွက်သံယိုပြကွက်တွေပါ ပါဝင်တာမလို့ အသက် 18 အောက်ကလေးတွေမကြည့်ရှုသင့်ပါဘူး။ File Size : 1.6 GB / 721 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : AAction, Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by : TMMT Encode by : Thit San Khant