
𝑻𝒆𝒔𝒕𝒂𝒎𝒆𝒏𝒕 𝒐𝒇 𝒀𝒐𝒖𝒕𝒉(ငယ်ရွယ်သူ့သက်သေ)ဟာ 1933ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ နာမည်ကျော်စစ်ပွဲကိုယ်တွေ့မှတ်တမ်းတစ်ခုရဲ့ စာမူခေါင်းစဥ်ဖြစ်ပါတယ်…။ စာရေးဆရာမ Vera Brittainရဲ့ ပထမကမ္ဘာစစ်အတွင်းကိုယ်တွေ့ အဖြစ်အပျက်များကို ရေးသားထားတာဖြစ်ပြီး… Veraဟာစစ်ကြီးအပြီးနှောင်းပိုင်းကာလတွေမှာ စစ်ဆန့်ကျင်ရေး ငြိမ်းချမ်းရေးလှုပ်ရှားသူအဖြစ် တက်ကြွလှုပ်ရှားခဲ့သူပါ…။ သရုပ်ဆောင်တွေအနေနဲ့ Veraနေရာမှာ The Man from U.N.C.L.E.ထဲက မင်းသမီးချော Alicia Vikanderကသရုပ်ဆောင်ထားပြီး GOTထဲ YOU KNOW NOTHINGမင်းသား ဂျွန်စနိုးကလည်း ပါဝင်အားဖြည့်ထားပါတယ်ဗျ…။ ဇာတ်အိမ်လေးကိုပြောပြရမယ်ဆိုရင် ပထမကမ္ဘာစစ်ကြီးစဖြစ်တဲ့အချိန်အခါတုန်းပေါ့… စစ်ကြီးဖြစ်လာပြီဆိုရင် ထုံးစံအတိုင်း လူငယ်လူရွယ်လေးတွေဟာ တိုင်းပြည်အတွက် သမိုင်းပေးတာဝန်ထမ်းမယ်… ဒီအခွင့်အရေးအရေးမျိုးက မျိုးဆက်တိုင်းမရနိုင်ဘူး၊ စစ်ဆိုတာလည်း ခဏနဲ့ပြီးမှာပါလေဆိုပြီး ယုံကြည်ချက်ကိုယ်စီနဲ့ ရှေ့တန်းကို အလုအယက်ထွက်ကြပါတယ်…။ ဘဝအတွေ့အကြုံနုနယ်သေးတဲ့ လူငယ်သဘာဝပါပဲ…။ အမျိုးသားလူငယ်လေးတွေ ရှေ့တန်းကို ထွက်သွားချိန်မှာတော့ အနောက်မှာ မျှော်တရစ်ရစ်နဲ့ ကျန်နေခဲ့သူတွေကတော့…အမေတွေ၊ အစ်မတွေ၊ ဇနီးမယားတွေပါပဲ… ပြန်လာနိုးနိုးနဲ့ မျှော်နေမိကာမှ ထွက်သွားတုန်းက လူတစ်ယောက် ပြန်လာတော့ စာတစ်စောင်ဖြစ်နေတဲ့ အဖြစ်မျိုးက မနည်းပါဘူး…။ မျှော်ရတာ ရင်ပူလွန်းလို့ထင်ပါရဲ့… ချစ်သူရှိရာ ရှေ့တန်းကို သူနာပြုအဖြစ် ပါရမီဖြည့်လိုက်ကြတဲ့ ဇာတ်လမ်းတွေလည်းရှိပါတယ်…။ ဘာတွေပဲဖြစ်နေနေ တစ်ချိန်မှာတော့ အားလုံးပြန်ဆုံနိုင်ဦးမှာပါ…. ဒီဘဝ ဒါမှမဟုတ် တမလွန်မှာပေါ့လေ…။ ခံစားချက်တသောသောကို အချိန်ပေးခံစားကြည့်ရှုရမှာဖြစ်တာမို့ လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ Biographgy Drama History movieလေးပါပဲ…။ File size…1.82GB / 892MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 9m Genre ….. Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P | 1.82GB | Download | |
| 1080P | 1.82GB | Download | |
| 1080P | 1.82GB | Download | |
| 1080P | 1.82GB | Download | |
| 1080P | 1.82GB | Download | |
| 720P | 892MB | Download | |
| 720P | 892MB | Download | |
| 720P | 892MB | Download | |
| 720P | 892MB | Download | |
| 720P | 892MB | Download |