
Tenacious D In the Pick of Destiny (2006) Genre - Comedy, Adventure, Music IMDB - 6.8/10 မင်းသားကြီး ဂျက်ဘလက်ခ်ဆိုတာနဲ့ ကွန်ဖူးပန်ဒါကို ပြေးမြင်ကြမယ်ထင်ပါတယ် နောက်ပြီး သူရိုက်ထားတဲ့ တခြားဟာသကားတွေကလည်း နာမည်ကြီးပါပဲ School of Rock တို့ Jumaji တို့ Goosebump တို့ စသဖြင့် အများကြီး ရှိပါတယ်။ ဇာတ်လမ်းအကြောင်းမပြောခင် မင်းသား ဂျက်ဘလက်ခ်က တကယ်သီချင်းဆိုပါတယ် လက်တွေ့လောကမှာလည်း ဒီရုပ်ရှင်နာမည်အတိုင်း Tenacious D ဆိုပြီး Rock အဖွဲ့လေးထောင်ထားတာပါ နောက်အဖွဲ့ဝင်တစ်ယောက်က ဒီရုပ်ရှင်ထဲမှာပါတဲ့ သရုပ်ဆောင် ကိုင်းဂတ်စ်ပါပဲ နောက်ပြီး သူတို့ဟာ သီချင်းတွေဆိုလည်း ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်တိုင်တီးတွေပါ။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ သာမန်မြို့ငယ်လေးမှာ ဘာသာတရာကိုင်းရှိုင်းကြတဲ့ မိသားစုလေးရှိပါတယ် ဒီမိသားစုလေးထဲက JB ဆိုတဲ့ ဖက်တီးလေးကတော့ မိရိုးဖလာကို ဆန့်ကျင်ပြီး အင်မတန်မှ Rock ဂီတကို ကြိုက်တာပေါ့ အဲဒါကြောင့် သူနေထိုင်ရာပတ်ဝန်းကျင်က Rocker တစ်ယောက် မဖြစ်နိုင်တဲ့အတွက် Rock ဆရာကြီး အဆိုတော် Dio ရဲ့ လမ်းညွန်မှုနဲ့ အိမ်ကနေထွက်ပြေးပြီး ဟောလိဝုဒ်ကို ရောက်ရှိလာခဲ့ပါတော့တယ်။ အဲဒီမှာ လမ်းဘေးဖျော်ဖြေသူ KG ကို တွေ့ပြီး လက်သံကို သဘောကျသွားတဲ့အတွက် ထူးချွန်တဲ့ Rocker ကြီးဖြစ်ဖို့ တပည့်ပြေးခံပါတော့တယ် အဲဒီမှာ KG ရဲ့ သင်ခန်းစာတွေနဲ့အတူ Rocker ဖြစ်ဖို့ ကြိုးပမ်းရတော့တာပေါ့။ တစ်ဖက်မှာလည်း အောင်မြင်တဲ့ Rocker တွေကို လေ့လာကြည့်မိတော့ အသုံးပြုတဲ့ Guitar Pick က အတူတူပဲဆိုတာကို သိပြီး ဒီ နတ်ဆိုး Guitar Pick ကိုလည်း ရအောင်လိုက်ရှာပြီး သူတို့ သီချင်းတွေ ဂန္ဒဝင်ဆန်ဖို့ လုပ်ကြတဲ့အခါ အောင်မြင်သွားမလား ဘာတွေဆက်ဖြစ်မလဲ KG ရဲ့ သရုပ်မှန်ကရော ဘာလဲ စသဖြင့် Musical ဆန်ဆန် ဟာသတွေနဲ့ Rock သီချင်းကောင်းကောင်းတွေ နားဆင်ရင်း ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းက Rock Musical ဖြစ်တဲ့အတွက် ဇာတ်လမ်းနဲ့သက်ဆိုင်တဲ့ စာသားတွေကိုတော့ ဘာသာပြန်ဆိုပေးထားပြီး သိပ်မဆိုင်တဲ့စာသားတွေကိုတော့ ဒီတိုင်းပဲ ထားပေးခဲ့ပါတယ်။ နောက်ဆုံးအချက်အနေနဲ့ ဇာတ်ကားက R Rated ဖြစ်တဲ့အတွက် မဟားဒရားဆဲဆိုတာတွေအပြင် ရိုင်းရိုင်းစိုင်းစိုင်းတွေလည်း ပါဝင်လို့ ကလေးသူငယ်တွေကိုတော့ မပြဖို့ အကြံပြုလိုက်ရပါတယ်ခင်ဗျ။ File size… 2 GB / 1 GB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 40m Genre ..... Music, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung