
Talvar 2015 တရားခံဘယ်သူလဲ IMDb – 8.1/10 Box Office အမြတ်ငွေ သုံးဆလောက်ရထားပြီး ဝေဖန်သူတွေရဲ့ ချီးကျူးမှုတွေပိုင်ဆိုင်ထားတဲ့အပြင် ဆုတွေလည်း အများကြီးရရှိထားတဲ့ မင်းသားကြီး Irrfan Khanရဲ့ crime thriller genre ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ Rashomo effectဆိုတဲ့ Crime genreတွေကြားမှာ မြင်နေကြပြဿနာလေးကို မီးမောင်းထိုးပြထားတာဖြစ်ပြီး 2008 ခုနှစ် နိုအင်ဒါနှစ်လောင်းပြိုင်လူသတ်မှုကို အခြေခံထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ အမှန်တော့ Rashomo effectဆိုတာ ကျနော်တိုနေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ပြဿနာထဲကတစ်ခုပါပဲ။ ၃ ဘက်ကြည့်တဲ့သူက ၃ လိုမြင်ပြီး ၄ ဘက်ကကြည့်တဲ့သူက ၄ လိုမြင်သလိုပဲ ဖြစ်ရပ်တစ်ခုအပေါ် မျက်မြင်သက်သေတွေရဲ့ရှုထောင့်အရ ထွက်ဆိုချက် အမျိုးမျိုးဖြစ်နေလို တရားသေယူမရဖြစ်နေတာမျိုးကိုခေါ်တာပါ။ ဆိုတော့ ဇာတ်လမ်းလေးအကြောင်း ဆက်လိုက်ကြပါဦးစို။ ရှရူသီဆိုတဲ့ ၁၄ နှစ်အရွယ်ကောင်မလေးတစ်ယောက် အသတ်ခံရတယ်ဆိုတဲ့သတင်းက ဆမီးဗီဟာတစ်ဝိုက်မှာ အတော်လေး ပျံ့နှံသွားပါတယ်။ ကောင်မလေးက ခပ်ငယ်ငယ် မိသားစုကောင်းကနေလာတဲ့ ကောင်မလေးဖြစ်ပြီး ဖြစ်ချင်တော့ သူတိုအိမ်က အလုပ်သမား ကမ်ပါလ်ကလည်း ပျောက်နေပါသတဲ့။ ဒီတော့ ရဲတွေရော ရှရူသီရဲ့အဖေကပါ တထစ်ချတွက်လိုက်တော့တာပေါ့။ အိမ်မှာလူလေးယောက် တစ်ယောက်သေပြီး တစ်ယောက်ပျောက်နေတာ ပျောက်နေတဲ့ကမ်ပါလ်ဟာ တရားခံပဲဆိုပြီး အသည်းအသန်ရှာပေမဲ့ ကမ်ပါလ်ရဲ့အလောင်းပါ ထွက်ပေါ်လာတဲ့အခါ… တစ်ဖက်ကလည်း ကမ်ပါလ်နဲ့ရှရူသီဟာ စည်းကျော်တဲ့ပတ်သက်မှုတွေရှိနေတယ်ဆိုတဲ့ ထွက်ဆိုချက်ကလည်းရှိထားပြန်တော့…. သမီးသေတဲ့အမှုမှာ အဖေနဲ့အမေက အဓိက သံသယရှိသူတွေအဖြစ် သတ်မှတ်ခံရချိန်မှာ အမြင်ကွဲလွဲမှုတွေဖြစ်ပြီး CDIဌာနမှူး အက်ရှ်ဝင်းကိုယ်တိုင် ဒီအမှုကို စုံစမ်းဖိုဖြစ်လာချိန်မှာတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood teamမှပဲဖြစ်ပါတယ်)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |