
ဒီတစ်ခေါက်မှာတော့ 2009 ခုနှစ်က ထွက်ရှိထားတဲ့ Symbol ဆိုတဲ့ ဂျပန်စိတ်ကူးယဉ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာ စပိန်မိသားစုလေးတစ်စုနဲ့ စတင်ထားပါတယ်။ ကလေးတွေက ကျောင်းသွား၊ မိဘတွေက အလုပ်လုပ်တဲ့ သာမန်မိသားစုလေးတစ်စုပေါ့။ အဲဒီနောက်မှာတော့ ရုတ်တရက်ကြီး အဖြူရောင်ဗလာအခန်းတစ်ခန်းထဲမှာ ပိတ်မိနေတဲ့ ဆံပင်ဂုတ်ဝိုင်းကေနဲ့ ညအိပ်ဝမ်းဆက်အစိမ်းရောင်ကွက်ကြားကိုဝတ်ထားတဲ့ ဂျပန်ဘဲကြီးတစ်ယောက်ဆီကို ရောက်သွားပါတယ်။ သိပ်မကြာပါဘူး။ အဖြူရောင်နံရံကြီးပေါ်မှာ မြားနတ်မောင်ဂွေးစိ သေးသေးလေးတွေ နံရံအနှံ့ ပေါ်လာတာပေါ့။ အဲဒီ ဂွေးစိသေးသေးလေးတွေကို ဖိလိုက်ရင် ကြုံရာပစ္စည်းတစ်ခုခု ကျလာပါတယ်။ ဆူရှီ၊ ပန်းအိုး၊ တူ၊ ဘောလုံး၊ မဂ္ဂဇင်း စသဖြင့် ကြုံရာပေါ့။ အဲဒီ ထူးဆန်းတဲ့အခန်းကြီးက ပစ္စည်းတွေ ချပေးရုံတင်မကဘဲ ညအိပ်အင်္ကျီနဲ့ဘဲကြီးကို အနုနည်းနဲ့ နှိပ်စက်ပါသေးတယ်။ အဲဒီအခန်းက ဘဲကြီးကို ဘယ်လိုအနုနည်းနဲ့နှိပ်စက်မလဲ။ ဘဲကြီးက ဘာလို့အဲဒီအခန်းထဲ ရောက်နေတာလဲ။ အဲဒီအခန်းထဲကနေ အပြင်ကို ဘယ်လိုထွက်မလဲ။ တကယ်ရော အပြင်ထွက်လို့ ရနိုင်ပါ့မလား။ ဗလာခန်းထဲကဘဲကြီးနဲ့ ဇာတ်လမ်းအစက စပိန်မိသားစုနဲ့ ဘာဆိုင်လို့လဲ။ စသဖြင့် "လဲ" ပေါင်းများစွာနဲ့ စောင့်ကြည့်ရမယ့်ကားဖြစ်ပါတယ်။ ဘာမှမဆိုင်တာကို မဆိုင်ဆိုင်အောင်လုပ်တာကိုက ဂျပန်တွေရဲ့ skill တစ်ခုမဟုတ်လား။ ဒီတော့ ဒီကားထဲမှာရော ဘယ်လိုသက်ဆိုင်မှုလေးတွေရှိမလဲ။ ဘာကို message ပေးချင်တာလဲ။ ဇာတ်လမ်းခေါင်းစဉ်ကိုရော ဘာလို့ Symbol လို့ပေးထားတာလဲဆိုတာကို တွေးရတာကြိုက်တဲ့သူတွေအနေနဲ့ ဇာတ်လမ်းနောက်ကို စီးမြောလိုက်ပါရင်း အတွေးပင်လယ်ထဲ စီးမြောနိုင်ဖို့ ဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ File size…1.8GB / 800MB Quality…1080p Blu Ray AAC5.1CH / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Tsukishiro
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8GB | Download | |
| 720p | 800MB | Download | |
| 1080p | 1.8GB | Download | |
| 720p | 800MB | Download |