
Padakkalam (2025) “လေးယောက်ပေါင်း လောင်းကျော်” သဘာ၀လွန်ကိစ္စတွေကို စိတ်၀င်စားတတ်တဲ့သူတွေအတွက် ဟာသနှောထားတဲ့ မလေယာလမ်စကားပြော လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစပိုင်းမှာတော့ ဒဏ္ဍာရီလာမှော်၀င်ပစ္စည်းတစ်ခုအကြောင်း ပြောပြတာနဲ့ အစပျိုးထားပါတယ်။ တကယ့်ဇာတ်လမ်းကတော့ ကောလိပ်ကျောင်းသားလေးယောက်နဲ့ ထူးဆန်းတဲ့ဆရာတစ်ယောက်အကြောင်းဖြစ်ပါတယ်။ ဇာတ်လမ်းစတာက ကောလိပ်ကျောင်းတစ်ခုမှာ သပိတ်မှောက်နေကြတဲ့အချိန်ပါ။ ဌာနမှူးဆရာကို မကျေနပ်လို့ ရာထူးကပယ်ရှားပေးဖို့ ကျောင်းသားတွေ ဆန္ဒပြကြတာပါ။ ကျောင်းသားတွေ ဌာနမှူးအသစ်တင်ချင်သူကတော့ အသစ်ပြောင်းလာတဲ့ ဆရာရန်ဂျစ်ပါ။ အဲဒီမှာ သူများလိုလည်း ဆန္ဒမပြဘဲ သူတို့ကိစ္စနဲ့သူတို့ တိုင်ပတ်ပြီး လတ်လျားလတ်လျားလုပ်နေတဲ့ ကျောင်းသားလေးယောက်ရှိပါတယ်။ တစ်ခါတော့ သူတို့ထဲကတစ်ယောက်က ဆရာရန်ဂျစ် မှော်လိုလိုစုန်းလိုလို ထူးထူးဆန်းဆန်းလုပ်နေတာကို မထင်မှတ်ဘဲ တွေ့သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ သူတို့လေးယောက်သား အဲဒီကိစ္စကိုအဖြေရှာဖို့ ဆရာရန်ဂျစ်နောက်ကို လိုက်စုံစမ်းကြရင်း အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ပါတော့တယ်။ နောက်ဆုံးမှာ သူတို့လေးယောက် ဆရာရန်ဂျစ်ရဲ့အမှန်တရားကို သိသွားကြမလား၊ ဆရာရန်ဂျစ်ကရော ဘယ်လိုလူဖြစ်နေမလဲ၊ ဘယ်လိုထူးဆန်းတာတွေ ကြုံရမလဲဆိုတာ ဆက်လက်အဖြေရှာပြီး ကြည့်ရှုလိုက်ကြပါဦး…။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |