
Summerland(2020) ****************** ဒုတိယကမ္ဘာစစ်တုန်းက စစ်ထွက်တိုက်ပေးရတဲ့ဖခင်တွေနဲ့ အစိုးရရုံးမှာအလုပ်လုပ်ပေးရဲ့မိခင်တွေဟာ သားသမီးတွေကို ဂရုစိုက်ဖို့အချိန်လည်း မပေးနိုင်ကြသလို၊ လုံခြုံမှုလည်း ရာနှုန်းပြည့်မပေးနိုင်ကြပါဘူး။ ဒီလိုနဲ့ သူတို့ရဲ့သားသမီးတွေကို စစ်မဖြစ်တဲ့ နယ်ဘက်တွေမှာ လုံလုံခြုံခြုံနေထိုင်၊ ပညာသင်နိုင်ဖို့ဆိုပြီး လူမှုကူညီရေးအသင်းတွေပေါ်လာပါတယ်။ သားသမီးမရှိတဲ့ အဘိုးကြီးအဘွားကြီးတွေ၊ အားလပ်သူတွေက တစ်နိုင်တစ်ပိုင် တာဝန်ယူစောင့်ရှောက်ပေးကြတာပေ့ါ။ အဲ့အထဲမှာမှ လူ့ဂွစာအမျိုးသမီးကြီးတစ်ယောက်က ကောင်ကလေးတစ်ယောက်ကို စောင့်ရှောက်တာဝန်ယူပေးဖို့ဖြစ်လာပါတယ်။ ဒီအမျိုးသမီးကြီးဟာ အိမ်ထောင်လည်းမရှိ၊ တကုပ်ကုပ်နဲ့သာ စာရေးနေတတ်သူဖြစ်ပြီး ဆက်ဆံရေးလည်းမကောင်းလို့ ပတ်ဝန်းကျင်ကပါရှောင်ဖယ်ခံနေရသူပါ။ သူ့ဆီကိုကောင်လေးတစ်ယောက်လာနေရမယ်ဆိုတော့ မြို့ထဲကလူမှန်သမျှက ကောင်လေးကို ဝိုင်းသနားကြပါလေရော။ လူ့ဂွစာအမျိုးသမီးကြီးကလည်း သူချစ်ခဲ့ဖူးတဲ့အမျိုးသမီးကပစ်ထားခဲ့တာကြောင့် အသဲကွဲကာ တစ်ယောက်တည်းနေရတာကိုပဲခုံမင်နေခဲ့သူပါ။ အခုသူ့ဆီကို ကောင်လေးတစ်ယောက်လာနေမယ်ဆိုတော့ လက်မခံချင်ဘဲ ပထုတ်ဖို့သာကြံပါတော့တယ်၊ ဇာတ်လမ်းလေးထဲမှာ lesbianတို့ရဲ့အချစ်၊ လူ့ဂွစာအပျိုကြီးနဲ့ ကောင်ကလေးတို့အကြားက မေတ္တာတရားလေးတွေကို မြင်တွေ့ရမယ့်ကားလေးပဲဖြစ်ပါတယ်။ File Size : (1.7GB) and (610MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:32:00 Genre : Drama, Romance , War Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae