
Rotten Tomatoes 94% IMDb 7.2အထိရရှိခဲ့ပြီး ဆု ၈ ခုနဲ့ ဆန်ကာတင် ၂၃ ခုကိုဆွတ်ခူးခဲ့တဲ့ ၂၀၀၈ ခုနှစ်ထွက် အနုပညာ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ပြင်သစ်မိသားစု ဒရာမာကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်ထဲမှာ အထင်ကရ ပြင်သစ်ပန်းချီပညာရှင်၊ လက်မှုပညာရှင်တွေနဲ့ နာမည်ကျော်အနုပညာလက်တွေအကြောင်းကို အလျှံပယ်တွေ့ရှိရမှာပါ။ ဟယ်လင် ဟာ နာမည်ကြီး ပြင်သစ်ပန်းချီဆရာ အနုပညာစုဆောင်းသူတစ်ဦးဖြစ်တဲ့ Paul Berthier ရဲ့တူမဖြစ်ပြီး Paul Berthier ဆုံးပါးသွားပြီးနောက်ပိုင်းမှာ ဦးလေးဖြစ်သူရဲ့ အိမ်ခြံနဲ့ တန်ဖိုးကြီးအနုပညာပစ္စည်းတွေကို ဆက်လက်ထိန်းသိမ်းပေးနေတဲ့ ၇၅နှစ်အရွယ် အမျိုးသမီးကြီးတစ်ယောက်ပါ။ ဟယ်လင်ရဲ့ သားသမီးသုံးယောက်ဖြစ်သူ ဖရက်ဒရစ်၊ ယေဟေမိနဲ့ အေဒရီယန်တို့ဟာ ၎င်းတို့ရဲ့မိသားစုတွေနဲ့အတူ မိခင်ကြီးရဲ့ ၇၅နှစ်ပြည့်မွေးနေ့မှာ တွေ့ဆုံကြဖို့အတွက် ငယ်ဘ၀ကအိမ်လေးဆီ အရောက်ပြန်လာခဲ့ကြပါတယ်။ ထို့နောက် ဟယ်လင်ဟာ ရုတ်တရက်ဆုံးပါးသွားပြီးတဲ့နောက်မှာတော့ ဖရက်ဒရစ်၊ ယေဟေမိနဲ့ အေဒရီယန်တို့သုံးဦးဟာ အမေဖြစ်သူဟယ်လင် ဘ၀တလျှောက်လုံးထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ Paul Berthier ရဲ့အိမ်တော်ကြီးနဲ့ အမွေပစ္စည်းတွေကို စီမံခန့်ခွဲကြဖို့ရာ အကြောင်းဖန်လာတော့တဲ့အခါမှာတော့… Paul Berthier နဲ့ ဟယ်လင်ရဲ့အကြားက ဆက်ဆံရေး၊ သားသမီးသုံးဦးရဲ့ အနုပညာပစ္စည်းတွေအပေါ်အမြင်၊ ရှေးပဝေသဏီကတည်းက မိသားစုရဲ့ ထမင်းချက်အိမ်ထိန်းဖြစ်ခဲ့တဲ့ အယ်လူဝိစ်ရဲ့ ခံယူချက်တွေကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဒီရုပ်ရှင်ရဲ့ဖန်တီးသူ စာရေးဆရာ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Oliva Assayas ဟာ Summer Hours ရဲ့ခံစားချက်ကိုဆွဲဆောင်စေတဲ့ခံစားချက်ရရှိအောင် ဇာတ်ဆန်ဆန်မရိုက်ကူးထားဘဲ အရွယ်ရောက်ပြီးသား သားသမီးသုံးယောက်ရဲ့ သဘာ၀အတိုင်း တိုင်ပင်ဆွေးနွေးငြင်းခုန်ကြပုံတွေ ရိုက်ကူးထားတယ်လို့ဆိုပါတယ်။ File size…(2.4 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.4 GB | Download | |
| 1080p | 2.4 GB | Download | |
| 1080p | 2.4 GB | Download | |
| 1080p | 2.4 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download |
ထုတ်လွှင့်သည့်နေ့
March 5, 2008
ကြာချိန်
1h 43m
အဆင့်သတ်မှတ်ချက်
7.2 / 10
Director
Olivier Assayas