
ယုံဘယ်ဆိုတာတော့ ကားအငှားလောကမှာ အထင်ကရ ပုဂ္ဂိုလ် တစ်ယောက်ပါ။ တစ်နေ့မှာတော့ တစ်နေရာကို ပို့ပေးရမဲ့ ကားတစ်စီး ကို သူငယ်ချင်းဖြစ်သူက ဒုန်းရှစ်က ယူပြီး ပျောက်သွားတဲ့အခါ ယုံဘယ်တစ်ယောက် အခက်ကြုံရပါတော့တယ်။ ဖြစ်ချင်တော့ လူဆိုးဂိုဏ်းတစ်ခုကလည်း ပျောက်သွားတဲ့ကားထဲမှာ သူတို့ရဲ့ အဖိုးတန်ပစ္စည်းတွေ ပါသွားတယ်ဆိုပြီး ယုံဘယ်ကို အပူတပြင်း လိုက်ရှာနေကြပါပြီ။ ယုံဘယ်ကတော့ သူ့အဖေရဲ့ နာရေးသတင်းကို သိလိုက်ရတာကြောင့် အဖေ့ရဲ့ ဈာပနအခမ်းအနားကိုသွားခဲ့ပြီး အရင်က သူ တက္ကစီမောင်းပြီး စီးပွားရှာခဲ့တဲ့ အဖေ့ရဲ့ ကားစုတ်လေး ကို ရှာနေခဲ့ပါတယ်။ ကံဆိုးချင်တော့ အရင်က ဇိမ်ခံကားအဖြစ် သူသိခဲ့တဲ့ ကားလေးက အခုတော့ တံခါးတောင် ကောင်းကောင်းဖွင့်လို့ မရတဲ့ အနေအထားကို ဖြစ်နေပါပြီ။ ဒါပေမဲ့ အဲ့ဒီ ကားလေးကို သူ့ရဲ့ စီးတော်ယာဉ်အဖြစ် အသုံးချပြီး ကားပျောက်ရှာပုံတော် ဖွင့်ဖို့ စီစဉ်ပါတော့တယ်။ ပျောက်သွားတဲ့ ကားထဲမှာ ရှိတဲ့ လူဆိုးတွေရဲ့ အဖိုးတန် ပစ္စည်းဆိုတာက ဘာများလဲ? ယုံဘယ်တစ်ယောက် ဆုံးသွားတဲ့အဖေရဲ့ ကားစုတ်လေးနဲ့ ကားအရှာတော်ထွက်ရင်းကြုံရတဲ့ ဒုက္ခပေါင်းသောင်းခြောက်ထောင်နဲ့ အလွဲတွေကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်ရှုလိုက်ကြရအောင်ပါ။ Son Ho Jun (Terius Behind Me ထဲက အယောင်ပြစီးပွားရေးလုပ်ငန်းရှင်ကြီး)၊ Heo Sung Tae (Squid Game ထဲက နံပါတ် 101) နဲ့ Lee Kyu Hung (All of Us Are Dead ထဲက စုံထောက်ကြီး) တို့လို support role မှာ ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့ကြသူတွေက ဒီကားမှာတော့ main role ကနေ ပါဝင် သရုပ်ဆောင်ထားကြတာပါ။ File Size : 1.9GB, 703MB & 343MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 38mins Genre : Comedy, Drama , Fantasy Translated by ChitThe Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download |