
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်- Star Wars IV : A New Hope 1977 ဒေါင်းရန် Link Star Wars V : The Empire Strikes back 1980 ဒေါင်းရန် Link Star Wars VI : Return Of The Jedi 1983 ဒေါင်းရန် Link Star Wars I : The Phantom Menace 1999 ဒေါင်းရန် Link Star Wars II : Attack of the Clones 2002 ဒေါင်းရန် Link Star Wars III : Revenge of the Sith 2005 ဒေါင်းရန် Link Star Wars VII : The Force Awakens 2015 ဒေါင်းရန် Link Rogue One : A Star Wars Story 2016 ဒေါင်းရန် Link ဆိုပြီးတော့ ကြည့်ကြရမှာဖြစ်ပါတယ် အခုနောက်ဆုံးထွက်ရှိထားတဲ့ ဇာတ်လမ်းလေးကတော့ StarWars VIII ဖြစ်ပြီး ၉ ကားမြောက် ရုပ်ရှင်လည်းဖြစ်ပါတယ်။ The Force Awakens ကနေ ဆက်ထားတာပါ။ နောက်ဆုံးသော ဂျဒိုင်းဖြစ်တဲ့ လုခ်စကိုင်းဝေါ်ကာကို သွားပြီးတွေ့ဆုံတဲ့ Rey, ဖါ့စ်အော်ဒါ ကို ဆက်တော်လှန်နေတဲ့ လေယာ၊ ပိုး၊ ဖင်းန် တို့ရဲ့ စွန့်စားခန်းတွေ လာပါတော့မယ်။ စနုတ်နဲ့ ကိုင်လိုရမ်တို့ကရော ဘယ်လိုတန်ပြန်လာမလဲပေါ့။ ဒီကားမှာ A New Hope, Empire strikes back နဲ့ Return of the jedi ထဲက အခိုက်အတန့်တွေကို ပြန်သတိရမိစေမယ့် အခန်းတွေပါလာပါလိမ့်မယ်။ အစဉ်လိုက်ကြည့်ချင်ရင်တော့ Star Wars 451236 rogue one 7 8 ဆိုပြီးကြည့်ဖို့ အကြံပေးချင်ပါတယ်။ အခု ထပ်မံပြီးတော့ Star war ရဲ့ အဌမမြောက်ကားဖြစ်တဲ့ The Last Jedi ကိုလဲမြန်မာစာတန်းထိုးနဲ့ တင်ဆက်ပေးလိုက်ပါတယ် File Size : (1.3 GB) and (555 MB) Quality : Blu-Ray 720p Running Time : 2hr 32min Format : Mp4 Genre :Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SPARKS Translated by Little Neo Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |
ထုတ်လွှင့်သည့်နေ့
December 13, 2017
ကြာချိန်
2h 32m
အဆင့်သတ်မှတ်ချက်
6.8 / 10
Director
Rian Johnson