
Stan Lee (2023) ~ IMDb - 7.2/10, Rotten Tomatoes - 88% ~ Superhero ပရိသတ်တွေရင်ထဲမှာ Stan Lee ဆိုတဲ့ နာမည်ကိုကြားတာနဲ့ Marvel ရဲ့ပဲ့ကိုင်ရှင်၊ ကျွန်တော်တို့ချစ်တဲ့ Superhero တွေရဲ့ ဖခင်ကြီးအဖြစ် တံဆိပ်ခတ်နှိပ်ထားပြီးသားဖြစ်လို့နေပါတယ်။ Stan Lee နဲ့ Marvel ဟာ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်း လိုပါပဲ။ Stan Lee မရှိရင် Marvel ဆိုတာလည်းဖြစ်မလာနိုင်ပါဘူး။ Fantastic Four ကစလို့ X-Men, Spider-Man, Iron Man, Captain America, Hulk, Thor, Dr. Strange, Black Panther တို့လိုစူပါဟီးရိုးတွေအပြင် တခြား ဟီးရိုးနဲ့ ဗီလိန်ပေါင်းများစွာကို ဖန်တီးခဲ့တဲ့ Stan Lee ကို Marvel ရဲ့ ဥသျှောင်တင်မက စူပါဟီးရိုးယဉ်ကျေးမှုကြီးရဲ့ ဥသျှောင်အဖြစ်တင်စားရင်တောင် လွန်မယ်မထင်ပါဘူး။ စူပါဟီးရိုးရုပ်ပြစာအုပ်တွေကို Stan Lee ခေတ် မတိုင်ခင်က အပျော်တမ်းဖတ်ကလေးကြိုက်အဖြစ်ယူဆထားခဲ့ပေမဲ့ Stan Lee ဟာ အဲဒီထုံးတမ်းတွေကို ရိုက်ချိုးပြပြီး လူကြီးလူငယ်မရွေး ဖတ်ရှုအသည်းစွဲနိုင်တဲ့ စူပါဟီးရိုးတွေ အကြောင်း ရုပ်ပြတွေကို ဖန်တီးပေးခဲ့ပါတယ်။ Timely Comics ကနေ Atlas Comics... Atlas ကနေ Marvel အထိ တဖြည်းဖြည်းဆွဲတင်ပေးခဲ့တဲ့အပြင် တစ်ကမ္ဘာလုံးက လူမျိုးဘာသာ ကျားမ အသက်အရွယ်မရွေး ပရိသတ်တွေအတွက် စိတ်အပန်းပြေစရာ စိတ်လှုပ်ရှားစရာ ဆွေးနွေးငြင်းခုန်စရာ Culture ကြီးတစ်ခုကို ပုံပေါ်လာအောင် ထုဆစ်ပေးခဲ့တဲ့ Stan Lee အကြောင်း အထုပ္ပတ္တိ Documentary လေးဖြစ်ပါတယ်။ Stan Lee ရဲ့ငယ်ဘဝ၊ သူ့ရဲ့အိမ်ထောင်ရေး၊ သူ့ရဲ့ဘဝဇာတ်လမ်း၊ စူပါဟီးရိုးတွေအပေါ်ရှုမြင်ပုံအပြင် Stan Lee ရဲ့ အတွေးအခေါ် အယူအဆတွေကို Stan Lee ရဲ့ နောက်ခံအသံ၊ Animation မြိုင်မြိုင်နဲ့ ရိုက်ကူးထားပါတယ်။ ကြည့်ရင်း ကြက်သီးတွေထရတဲ့အခါရှိမယ်၊ Stan Lee ကို သနားမိတဲ့အခါတွေရှိမယ်၊ ရင်ထဲနွေးသွားရတဲ့အခါတွေရှိမယ်။ ကျွန်တော်တို့ငယ်ငယ်က ပုံပြင်နားထောင်ရသလိုပေါ့။ စိတ်ဝင်တစားနဲ့ မျက်တောင်မခတ်တမ်း ပါဝင်စီးမျောသွားနိုင်မယ့် Documentary လေးတစ်ခုဖြစ်တာကြောင့် စူပါဟီးရိုးပရိသတ်တွေတင်မက စူပါဟီးရိုးနာမည်လေးတစ်ခုကြားဖူးတဲ့သူတွေအနေနဲ့တောင် လက်မလွှတ်သင့်တဲ့ Documentary တစ်ခုပါ။ Stan Lee ဟာ 2018 ခုနှစ်မှာ ကွယ်လွန်ခဲ့ပေမဲ့ သူဖန်တီးခဲ့တဲ့ ဇာတ်ကောင်တွေနဲ့အတူ Stan Lee ဟာလည်း ကျွန်တော်တို့ရင်ထဲမှာ အမြဲထာဝရ ရှင်သန်နေဦးမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.35GB, 900MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 26Min Genre - Biography, Documentary Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
June 16, 2023
ကြာချိန်
1h 26m
အဆင့်သတ်မှတ်ချက်
7.1 / 10
Director
David Gelb