
Original title: L’histoire de Souleymane အကြောင်းအမျိုးမျိုးနဲ့ ကိုယ့်နိုင်ငံမှာအဆင်မပြေလို့ တိုင်းတစ်ပါးကို ပြောင်းရွှေ့ရတော့မယ်ဆိုရင် အခက်အခဲတွေဆိုတာက အနည်းနဲ့ အများတော့ကြုံရစမြဲပါပဲ။ကိုယ်ပြောင်းရွှေ့ထားတဲ့နိုင်ငံမှာ အလုပ် လုပ်ဖို့အခက်အခဲရှိကြသူတွေရှိသလို နေထိုင်ဖို့အခက်အခဲဖြစ်ကြ သူတွေလည်းရှိပါတယ်။ ဒီလိုရွှေ့ပြောင်းလုပ်သားတွေရဲ့ အခက်အခဲတွေကိုမျက်စိထဲကွင်းကွင်း ကွက်ကွက်မြင်သာလာအောင် တောင်အာဖရိက ဂင်နီကနေ ပြင်သစ်ကို ပြောင်းရွေ့လာခဲ့တဲ့ ဆူလေမန်ဆိုတဲ့လူတစ်ယောက်နဲ့နှိုင်းယှဉ်ပြီး ရိုက်ကူးပြသထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက် ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Souleymane’s Story ဖြစ်ပြီး IMDb Rating ကလည်း 7.7 အထိရရှိထားတဲ့အတွက် အချိန် ပေးရကျိုးနပ်စေပြီး ရင်ထဲမှာတစ်ခုခုထင်ကျန်စေမှာတော့အသေအချာ ပါပဲ။ ဆူလေမန်က ပြင်သစ်ကိုပြောင်းရွှေ့လာခဲ့ပြီးနောက်မှာ ခိုလှုံခွင့်တောင်းဖို့ ကြိုးစားခဲ့ပါတယ်။လက်ရှိမှာတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ တရားဝင် အလုပ်လုပ်လို့မရသေးတဲ့အတွက် အလုပ်လုပ်ခွင့်ရပြီးတဲ့လူရဲ့အကောင့်ကို ငှားပြီး Food Panda Rider လိုမျိုး စက်ဘီးတစ်စီးနဲ့စားစရာတွေလိုက်ပို့ ပေးနေခဲ့ပါတော့တယ်။သူများကိုအားကိုးပြီးအလုပ်လုပ်ရတာဖြစ်တဲ့ အတွက် သူရှာတဲ့ပိုက်ဆံသူအကုန်မရဘဲ ဝေစုတော်တော်များများကို အကောင့်ပိုင်ရှင်ကိုပေးနေရပါသေးတယ်။ဒါပေမယ့် ဒါတွေအားလုံးက သူခိုလှုံခွင့်ရသွားတဲ့အခါကျရင်တော့ အဆင်ပြေသွားမှာပါဆိုတဲ့အတွေးနဲ့ ဆူလေမန်တစ်ယောက် အံကြိတ်ပြီး အားတင်းကာ ဆက်လုပ်ကိုင် နေခဲ့တာဖြစ်ပါတယ်။သဘက်ခါကျရင် သူ့ခိုလှုံခွင့်အင်တာဗျူးဖြေရ တော့မှာဖြစ်တဲ့အတွက် အေးဂျင့်သဘောလိုမျိုးလူတွေနဲ့ချိတ်ပြီး သူ့ကို လက်ခံပေးနိုင်လောက်မဲ့ မျက်ရည်ခြူဇာတ်လမ်းတွေကိုလည်း ကြိုတင် ကျက်ထားရပါသေးတယ်။ဒီလိုနဲ့ သဘက်ခါမတိုင်မှီ ဆူလေမန်ရဲ့ ခက်ခက် ခဲခဲဘ၀ကိုဖြတ်သန်းနေရပုံနဲ့ တကယ်တမ်းခိုလှုံခွင့် အင်တာဗျူးဖြေတဲ့ အခါ သူ့အားထုတ်မှုတွေက အရာထင်ပါ့မလား သူလိုချင်တဲ့ ခိုလှုံခွင့်ကို ရော ရသွားမလားဆိုတာတွေကို စိတ်ဝင်စားစရာရှုစားရမဲ့ ဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.52 GB) / ( 1.03GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.52 GB | Download | |
| 1080p | 1.52 GB | Download | |
| 1080p | 1.52 GB | Download | |
| 1080p | 1.52 GB | Download | |
| 720p | 1.03GB | Download | |
| 720p | 1.03GB | Download | |
| 720p | 1.03GB | Download | |
| 720p | 1.03GB | Download | |
| 720p | 1.03GB | Download |
ထုတ်လွှင့်သည့်နေ့
October 9, 2024
ကြာချိန်
1h 32m
အဆင့်သတ်မှတ်ချက်
7.7 / 10
Director
Boris Lojkine