
Somewhere in Time (1980) ~ IMDb rating - 7.2/10 ~ အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 1980 ရဲ့ Old but Gold ကားကောင်းတစ်ကားဖြစ်ပြီး Time Travel, Romance အမျိုးအစားဖြစ်ပါတယ်။ ဟိုးတုန်းက Original Superman မင်းသား Christopher Reeve ပါဝင်သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့... 1972 မှာ ရစ်ချတ်ကော်လီယာဆိုတဲ့ဘဲဟာ ပြဇာတ်တစ်ခုကို စီစဉ်ကပြနေတုန်း ထူးထူးဆန်းဆန်း အဖွားကြီးတယောက်ရောက်လာပြီး ခေတ်ဟောင်းနာရီတလုံး ပေးသွားတယ်။ ပြီးတော့ သူ့ဆီပြန်လာခဲ့ပါဆိုပြီး ရစ်ချတ်ကို ပြောသွားတယ်။ ၈နှစ်လောက်ကြာပြီး တစ်ရက်မှာ ရစ်ချတ်က Grand Hotel ကို ရောက်လာရင်းနဲ့ ဟိုးတုန်းက မင်းသမီးတယောက်ရဲ့ပုံကိုတွေ့ပြီး စွဲလမ်းသွားတယ်။ မင်းသမီးရဲ့အကြောင်းကို လိုက်ရှာရင်းနဲ့ အသက်ကြီးသွားတဲ့ပုံကိုတွေ့တော့ အဲဒီမင်းသမီးက သူ့ကိုနာရီလာပေးသွားတဲ့အဖွားကြီးဖြစ်မှန်းသိလိုက်ရတယ်။ တစ်နည်းနည်းနဲ့ မင်းသမီးကို သွားပြန်တွေ့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ရစ်ချတ်ဟာ အိပ်မွေ့ချတဲ့နည်းနဲ့ 1912 ကို အချိန်နောက်ပြန်သွားလိုက်ပါတယ်။ အဲဒီမှာ မင်းသမီး အဲလိစ်နဲ့တွေ့ပြီး နှစ်ယောက်သား ချစ်မိသွားတယ်ဆိုပေမဲ့ အဲလိစ်ရဲ့မန်နေဂျာက မကျေနပ်ပဲ ကန့်ကွက်ပါတယ်။ မန်နေဂျာရဲ့ သဘောမတူတဲ့ကြားက သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက ခိုင်မြဲပါ့မလား... ရစ်ချတ်ကရော 1912 မှာ ဆက်ရှိနေနိုင်မှာလား... နှစ်ယောက်သားရဲ့အချစ်ရေးက ဘယ်လိုအဆုံးသတ်နဲ့ကြုံရမလဲဆိုတာကတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.95GB, 795MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 43Min Genre - Drama, Fantasy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |