
Tonight, At Romance Theater (2018) ********************************** IMDb….7.0 ဒီကားလေးက တခြားကားတွေထက်စာရင် မြူးမြူးကြွကြွလေးနဲ့ စထားပြီးကြည့်ရှုသူကို မပျင်းမရိအောင် ဆွဲခေါ်နိုင်စွမ်းရှိတယ်…ဇာတ်လမ်းအမျိုးအစားကလည်း Fantasy, Romance ဖြစ်နေတာကလည်း တစ်ပိုင်းပေါ့လေ… ဇာတ်ကြောင်းကတော့ .. ကောင်လေးတစ်ယောက်ရှိတယ်…သူက လက်ထောက်ဒါရိုက်တာတစ်ယောက် …. လက်ထောက်ဒါရိုက်တာဆိုပေမယ့် သူလုပ်ရတာအများဆုံးက ..မီးထိုး..မှန်ထိုး .. ..ထိုင်ခုံခင်း ..လိုတဲ့ပစ္စည်းလေးတွေဝယ်ပေးရပေါ့… ဘယ်လောက်ပဲအလုပ်တွေများများ သူမပျက်မကွက်လုပ်တဲ့ ကိစ္စတစ်ခုရှိတယ်… အဲဒါကတော့ ရုပ်ရှင်ရုံမှာ တစ်ယောက်တည်း ဘယ်သူမှမကြည့်တော့တဲ့ အဖြူအမည်းခေတ်က ဇာတ်ကားတစ်ကားကို ကြည့်တာပါပဲ… သူ့ကြည့်ရတာ ဒီကားထဲက မင်းသမီးလေးကို အတော်သဘောကျပုံပဲ… သူ့ဘဝက ရိုးရှင်းပါတယ်.. ရိုက်ကူးရေးမှာအလုပ်လုပ်လိုက်…တစ်ယောက်တည်း ရုပ်ရှင်ရုံမှာ အဖြူအမည်း ခေတ်က မင်းသမီးလေးကို သွားငေးလိုက်ပေါ့… တစ်နေ့တော့ သူ့ဘဝပျက်မတတ်ခံစားလိုက်ရတဲ့ သတင်းတစ်ခုကြားလိုက်ရတယ်.. အဲဒါက သူကြိုက်တဲ့မင်းသမီးပါတဲ့ ရုပ်ရှင်ကားကို ရောင်းလိုက်တော့မယ်ဆိုတာပါပဲ ….နောက်ဆုံးအနေနဲ့ သူတစ်ယောက်တည်း မင်းသမီးလေးပါတဲ့ရုပ်ရှင်ကိုကြည့်နေတယ်.. ပါးစပ်ကလည်း ဒီညက မင်းသမီးလေးကိုကြည့်ရတာနောက်ဆုံးပါ့လားလို့ရေရွတ်နေတယ်..မျက်ရည်တွေလည်းကျလို့ပေါ့… အဲဒီအချိန်မှာပဲ မီးတွေပြတ်ပြီး ရုပ်ရှင်ရုံတစ်ခုလုံးအမှောင် အတိကျသွားတယ်… မီးပြန်လာတဲ့အချိန်မှာ ထူးဆန်းစွာပဲ မင်းသမီးလေးဟာ ကောင်လေးရှေ့ကိုရောက်လာတယ်…. ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျ… စကားမစပ် ဂျပန်မင်းသမီးလေး Ayase Haruka က နင်းကန် လှလွန်းတယ်…. မင်းသားကတော့ What Comes after Love (2024) စီးရီးက Sakaguchi Kentaro ဖြစ်ပါတယ် .. File size…1.69GB / 942MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 48 min. Genre ….. Romance, Drama, Fantasy Subtitle….Myanmar Subtitle (Hard Sub) Translated by Megumi Encoded by AHtet
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.69GB | Download | |
| 1080p | 1.69GB | Download | |
| 1080p | 1.69GB | Download | |
| 1080p | 1.69GB | Download | |
| 720p | 942MB | Download | |
| 720p | 942MB | Download | |
| 720p | 942MB | Download | |
| 720p | 942MB | Download | |
| 720p | 942MB | Download |