Preparing your cinema experience...

Snatch(2000) IMDb Rating (8.2) / Rotten Tomatoes (74%) Brad Pitt, Jason Statham , Vinnie Jones တို့လို မင်းသားကြီးတွေနဲ့ ဒီရုပ်ရှင်က ဒါရိုက်တာကြီး Guy Ritchie ရဲ့ dark comedy crime film ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…. စိန်တုံးကြီးတစ်တုံးကိုအခြေတည်လို့ လက်ဝှေ့ပွဲစီစဉ်သူရယ် အူကြောင်ကြားဓားပြတစ်ဖွဲ့ရယ် ဂျူးကျောက်မျက်ကုန်သည်ရယ် လက်နက်မှောင်ခိုသမားရယ် လူမိုက်ဂိုဏ်းခေါင်းဆောင်ရယ် စတဲ့အဖွဲ့ပေါင်းစုံကြားက ဇာတ်ရှုပ်တွေကိုထိုင်ကြည့်ရမှာပါ။ စိန်တုံးကိုလိုက်ကြရင်း လူ့သဘော လူ့မနောတွေကို ဟာသတွေနှောရင်း အလှပဆုံးပုံဖော်ထားလို့ UK 2001 ရဲ့ ဒါရိုက်တာ Empire Award ဆုကိုရရှိခဲ့တယ်… Bratt Pitt ကြီးကတော့ အကောင်းဆုံးဇာတ်ပို့ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး အခြားဆု(၄)ဆုလည်း ရရှိခဲ့တယ်။