
ဒီဇာတ်လမ်းလေးက ဖခင်မေတ္တာနဲ့ဖခင်တစ်ယောက်ရဲ့သားတစ်ယောက်အပေါ်လွှမ်းမိုးနိုင်မှုကိုဖော်ပြပေးထားတာပါ ဇာတ်လမ်းကိုနာမည်ကြီးစာရးဆရာတစ်ယောက်လည်းဖြစ် စိတ်ရောဂါကုဆရာဝန်တစ်ယာက်လည်းဖြစ်တဲ့ အိုင်းစက်ဆိုဘာ ဆိုသူရဲ့ နာရေးနဲ့အစပြုထားပါတယ် အဲဒီမှာဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်ဖြစ်လာမဲ့သူ့ရဲ့သားဖြစ်သူ စိတ်ရောဂါကုဆရာဝန်ဒေါက်တာဘန်ဆိုဘာ ဟာ သူ့အတွေးနဲ့သူ အဖေဖြစ်သူကိုကြိတ်မုန်းနေခဲ့တာပါ သူဟာသူ့ဖခင်ချီးကျူးတာကိုခံချင်လို့ ဖခင်ရဲ့လမ်းစဉ်အတိုင်းလိုက်ခဲ့တာပဲဖြစ်ပါတယ် တစ်ဖက်မှာတော့ ဒေါက်တာဘန်ဆိုဘာရဲ့လူနာတစ်ယာက်ဖြစ်ခဲ့ဖူးတဲ့ မာဖီးယားဂိုဏ်းခါင်းဆောင်ပေါလ်ဗစ်တီဟာ ထောင်ကျနေခဲ့တာပါ သူ့ရဲ့မာဖီးယားအလုပ်ကိုပါစွန့်လွှတ်ပြီးစိတ်မတည်ငြိမ်ဖြစ်နေခဲ့ပြီးတော့ထောင်ထဲမှာလည်းသူ့ကိုလိုက်ပြီးအသက်အန္တာရယ်ပေးနေတဲ့သူတွေရှိတဲ့အတွက် ရူးချင်ယောင်ဆာင်ရပါတော့တယ် သူဟာဆိုရင်လည်း သူ့အဖေအသတ်ခံရတာကြောင့် အသက်၁၂ နှစ်လာက်ကတည်းက လူမိုက်လောကကိုရောက်ရှိနေခဲ့တာပဲဖြစ်ပါတယ် ဒီလိုနဲ့ သူရူးချင်ယောင်ဆောင်တာကိုလိမ်နေတယ်လို့ထင်တဲ့အတွက် ဒေါက်တာဘန်ဆိုဘာကစစ်ဆေးပေးရပါတာ့တယ် အဲ့လိုနဲ့သူတို့နှစ်ယောက်ရဲ့သူငယ်ချင်းဘဝကစတင်ပါတော့တယ် ယောက်ျားရင့်မာကြီးနှစ်ယောက်လုံးဟာ ဖခင်မေတ္တာကိုမသိခဲ့ဘဲ သူတို့ကိုယ်တိုင်ဖခင်တွေဖြစ်စေချင်ခဲ့တာတွေကိုစွန့်လွှတ်ခဲ့ကြတာပါ ပေါလ်ကိုဘယ်သူတွေလိုက်သတ်နေတာလဲ သူတို့နောက်ကွယ်မှာရောဘယ်သူတွေက ခြယ်လှယ်နေတာလဲဆိုတာကိုေတာ့ ဒီဇာတ်လမ်းလေးကိုကြည့်ပြီး အဖြေရှာလိုက်ကြပါဦးဗျ ဇာတ်လမ်းလေးကတော့ crimeဆန်ဆန်ကိုမှ ဟာသလေးနှောပြီးတင်ဆက်ထားတာကြောင့် အပျင်းပြေကြည့်ရင်တောင် အချိန်ကုန်ရကျိုးနပ်မှာပါ။ File size…(2.1 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:36:00 Genre… Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M Min Htike
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download |