
Slingshot ( 2024) IMDb Rating (5.7) ဒီဇတ်ကားကတော့ သိပ္ပံနဲ့ စိတ်ပိုင်းဆိုင်ရာထိတ်လန့်သည်းဖိုအမျိုးအစားဇတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာက Mikael Håfström (မစ်ခေးလ်ဟက်ဖ်စထွန်းမ် ) ဖြစ်တယ်။ သရုပ်ဆောင်တွေကတော့ Manchester by the Sea နဲ့ အော်စကာဆုရထားတဲ့ ကေစီအက်ဖလက်ခ်( Casey Afflect )အဂ်လိပ်မင်းသမီး အမ်မလီဘီးချမ်(Emily Beecham ။ အမ်မလီက ကိန်းရုပ်ရှင်ပွဲတော်မှာ ၂၀၁၉ခုနှစ်က Little Joeဇတ်ကားနဲ့အကောင်းဆုံးအမျိုး သမီးသရုပ်ဆောင်ဆုရထားပါတယ်။ နောက်နှစ်ယောက်တော့ Emmy ဆုတွေ နဲ့အခြားဆုတွေရထားတဲ့ အသက်၆၃နှစ်ရှိ ပြီဖြစ်တဲ့လောရ့င်စ်ဖစ်ရှ်ဘာနီနဲ့နက်ရှ်အဖြစ်သရုပ်ဆောင်ထားတဲ့တိုမာကက်ပ်ဝမ်း တို့ဖြစ်တယ်။ ဒါကြောင့်သရုပ်ဆောင်ချက်တွေကတော့ပြောစရာမလိုအောင်းကောင်းပါတယ်။ ဇတ်လမ်းအကျဥ်းကတော့ တိုက်တန်လကိုသွားနေတဲ့အိုးဒက်ဆီး-၁အာကာသယာဥ်ပေါ်မှာကြုံရတဲ့အခက်အခဲတွေ။ အာကာသတွင်းခရီးသွားရာမှာကိုယ်တွင်းစွမ်းအင်သိပ်မလိုအောင်ကာလရှည်အိပ်မောကျအောင်လုပ်ပေးတဲ့ဆေးတွေရဲ့ဆိုးကျိုးကစိတ်ပိုင်းရုပ်ပိုင်းကိုဘယ်လိုသက်ရောက်မလဲ။ ဘယ်ဟာကအစစ်အမှန်လဲဘယ်ဟာကအတုအယောင်လဲ။ အာကာသတွင်း ရက်ရှည်ခရီးသွားရတာကအာကာယာဥ်မှုးတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိမလဲ။ အာကာသယာဥ်မှူးသုံးယောက်ကြားကပဋိပက္ခတွေ။တိုက်တန်လပေါ်ကိုရောက်အောင်သွားမှာလားပြန်လှည့်မှာလား။ Slingshot ( လောက်လွှဲလှုပ်ရှားမှုခေါ်ဒြပ်ဆွဲအားအကူ)နဲ့ယာဥ်ရဲ့အလျင်ကိုမြှင့်တက်ပြီးတိုင်တန်ကိုအမြန်ဆုံးရောက်အောင်လုပ်တာအောင်မြင်မလား။ လှပတဲ့အချစ်ဇတ်လမ်းလေးတစ်ပုဒ်လည်းပါမယ်။ လေးနက်တဲ့ ဒိုင်ယာလော့တွေ သိပ္ပံဆိုင်ရာ ဗဟုသုတတွေနဲ့ နောက်ဆုံးမှာမထင်မှတ်တဲ့ အလှည့်အပြောင်းတွေနဲ့ လှည့်စားချက် ထည့်ထားတာက ဇတ်ကောင်တွေအစားရင်ထိတ်ရမယ်ပြီးတော့တွေးစရာ အဆုံးသတ်ကိုပေးမယ်။ အကြိုက်ဆုံး စကားလုံးက “ပိုးဖလံတွေအန္တရာယ်ကြုံရတဲ့အခါအလင်းရှိရာကိုပျံသန်းကြတယ်အလင်းဆီမပျံသန်းဘူးဆို ရင်အပြောင်းအလဲကဘာလဲအမှောင်ထုဆီကိုလား” အကာသထဲလမ်းလျောက်တာတွေမပါပေမယ့် Slingshotဇာတ်လမ်းကိုရေးတဲ့ R Scott Adam( အာစကော့အဒမ်)နဲ့ Nathan Parker (နက်သန်ပါကား)တို့ကပရိသတ်ကိုပေးချင်တဲ့ message ( သတင်း)ကတော့ ပရိသတ် နဲ့အကာသသိပ္ပံလက်တွေ့လောကလူတွေကိုတွေးစရာပေးသလို အခြားအာကာသသိပ္ပံကားတွေနဲ့ ကွဲထွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံတကာမှာreviewကောင်းတွေရရှိထားသလို သင်အချိန်ပေးရတာတန်တာတွေ့ရပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ပဲဖြစ်ပါတယ်) File size…(1.9 GB) / (885 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin