
ယခုနှစ်မှထွက်ရှိထားတဲ့အိန္ဒိယတောင်ပိုင်းကားတစ်ကားဖြစ်ပါတယ်။ ဇာတ်အိမ်တည်ထားပုံကတော့အထူးတလည် နက်နဲတဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ ကိုယ့်ဘဝကိုယ်စီလျှောက်လှမ်းနေကြတဲ့လူငယ်လေးယောက်ဟာ တစ်နေ့မှာတော့ဆိုးဝါးလှတဲ့မတော်တဆမှုတစ်ခုမှာ ပါဝင်ပတ်သက်မိကြပါတယ်။ သာမန်ဇာတ်ကားတွေနဲ့မတူတာကတော့ ဒီဇာတ်ကားဟာ အဓိကဇာတ်ကောင်ရယ်လို့ တိတိကျကျမပါဘဲ ဇာတ်ကောင် လေးယောက်လုံးကို ကြည့်နေရင်းမှာတင် ဒီဇာတ်ကောင်တွေရဲ့ဘဝထဲကို ကိုယ်တိုင်စီးမျောသွားစေနိုင်လောက်အောင် ဇာတ်ကောင်တစ်ခုချင်းကိုအသားပေးပုံဖော်ပြထားလို့ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုကြည့်လိုက်မယ်ဆိုရင် လူတိုင်းဟာ အမှားတွေလုပ်တတ်ပြီးတော့ ဘဝကြီးကလည်းအမြဲတမ်းအဲဒီအမှားတွေကိုပြန်ပြင်ဖို့အခွင့်အရေးပေးလေ့ရှိတယ်ဆိုတာကို ယုံကြည်ပြီးတော့ ကိုယ့်ဘက်ကပြင်ဆင်ချင်တဲ့စိတ်ပဲရှိဖို့လိုတယ်ဆိုတာကိုနားလည်လာစေမှာပါ။ ဒီဇာတ်ကောင်လေးယောက်ကရော သူတို့အမှားတွေကို ပြန်မြင်နိုင်ပါ့မလား။ ပြင်ဆင်ဖို့ရောသူတို့မှာအခြေအနေတွေပေးလာပါ့မလား။ အသိတရားဝင်တဲ့အချိန်မှာ ပြင်ဆင်ဖို့မှီပါဦးမလား။ လမ်းပေါ်ကအက်ဆီးဒန့်တစ်ခုကနေစတဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ နှစ်နာရီကျော်ကုန်သွားမှန်းမသိအောင်ကို ပရိသတ်တွေအတွက်ဖျော်ဖြေမှုရသကောင်းတွေပေးသွားမှာဖြစ်လို့ တောင်ပိုင်းဒရာမာကားကောင်းတွေ ကို ကြိုက်တတ်ရင်တော့ မလွတ်တမ်းကြည့်ရှုသင့်တယ်လို့ပဲ ညွှန်းလိုက်ပါရစေ။ File size…1.8GB /900MB / 400MB Quality…720p WEB DL / 480p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Haruko
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
January 28, 2022
ကြာချိန်
2h 21m
အဆင့်သတ်မှတ်ချက်
7.2 / 10
Director
Vishal Venkat