
Shyamchi Aai (2023) လက်ဦးဆရာ 20 ရာစုရဲ့ ပထမဆုံး Best Feature Filmနဲ့ President Gold metalရထားတဲ့ Shyamchi Aaiဆိုတဲ့ ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ လူမှုရေးတက်ကြွလှုပ်ရှား Sane Gurujiရဲ့အတ္ထုပတ္တိလို့လည်း ပြောလို့ရသလို လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်လာစေတဲ့ သူ့ရဲ့အမေဖြစ်သူရဲ့ လမ်းညွှန်မှုတွေကို ပြန်ပြောပြထားတဲ့ မိခင်မေတ္တာဖွဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ ဆရာကြီးဆာနေးဆိုတဲ့ ဗြိတိသျှအုပ်စိုးစဉ်ကာလရဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တစ်ယောက်မဖြစ်လာခင်က ရှမ်ဆိုတဲ့ကောင်လေးဟာ အရမ်းသတ္တိနည်းတဲ့ကလေးတစ်ယောက် သူဘယ်လောက်ထိ ကြောက်တတ်လဲဆို ရေတွင်းမှာ သူငယ်ချင်းတွေနဲ့ ရေကူးသင်ဖို့ချိန်းလိုက်ပြီးမှ ရေနစ်မှာကြောက်လို့ အိမ်မှာပုန်းနေတဲ့အထိပါပဲ မိသားစုကလည်း မပြေလည် အကြွေးနွံနစ်နေတဲ့ ဆင်းဆင်းရဲရဲ ဒီဘဝမှာ အရာရာကို ကြောက်တတ်တဲ့ ရှမ်ဆိုတဲ့ကောင်လေးကနေ ဆာနေးဆိုတဲ့ နာမည်ကျော် လူမှုရေးတက်ကြွလှုပ်ရှားသူ၊ ကျောင်းဆရာ၊ စာရေးဆရာတစ်ယောက်ဖြစ်လာအောင် ရှမ်ရဲ့အမေက သူ့ရဲ့မိခင်မေတ္တာနဲ့ ဘယ်လိုပြောင်းလဲပေးခဲ့လဲ။ မိခင်မေတ္တာနဲ့လမ်းညွှန်မှုက သူ့ရဲ့ဘဝမှာ ဘယ်လောက်ထိအရေးပါခဲ့လဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ အတူရှုစားရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ KKKZ ~ Linn ~ ToMo ~ Yunniတို့ပဲဖြစ်ပါတယ်)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 720p | 769MB | Download | |
| 720p | 769MB | Download | |
| 720p | 769MB | Download | |
| 720p | 769MB | Download | |
| 720p | 769MB | Download | |
| 720p | 769MB | Download |