
Shredded (2024) IMDb Rating (7.3) ဒီဇာတ်လမ်းတော့ ဘပေးဆင်းရဲဒုက္ခကု အကြမ်းပတမ်းခံစားရပြီနောက်ပိုင်း စိတ်ဒဏ်ရတွေကျန်နေခဲ့တဲ့ လူနှစ်ယောက်ကြောင်း ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ ဇတ်ကောင်အနေနဲ့ အများကြီးမပါပေမယ့်လည်း ဇာတ်လမ်းဇာတ်ကွက်ကို နက်နက်နဲနဲရိုက်ထားနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် ပေးချင်တဲ့ရသကို ကွက်ကွက်ကွင်းကွင်ပေးထားတဲ့ ဒရာမာဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ရိုင်လီဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ အသက်ဆုံးရှုံးခံရလုနီးပါးဖြစ်သွားတဲ့ မတော်တဆတစ်ခုကိုကြုံခဲ့ပြီးရတဲ့နောက်မှာ သူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကိုပါ တစ်သက်လုံးမရနိုင်တော့တဲ့အထိ ခန္ဓာပိုင်းဆိုင်ရာကော စိတ်ပိုင်ဆိုင်ရာပါ ဒဏ်ရာရသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူဟာရှာထားတဲ့လက်ကျန်ပိုက်ဆံလေးနဲ့ ကမ်ခြေမြို့လေးတစ်မြို့မှာ လှိုင်းစီးရင်း အရိုးထုတ်ဖို့ကိုစဉ်းစားခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ လိုဂန်ဆိုတဲ့အမျိုးသားတစ်ယောက်ဟာ ရှားပါးတဲ့ အမျိုးသားရင်သားကင်ဆာရောဂါကို အမြစ်ပြတ်အောင်ကုသနိုင်ခဲ့ပြီး ခန္ဓာပိုင်း စိတ်ပိုင်း ပြန်ကုစားဖို့အတွက် တစ်ကိုယ်တည်းလွတ်လပ်ချိန်ကိုရှနေသူပါ။ တစ်နေ့မှာ ရိုင်လီဟာကော်ဖီဆိုင်တစ်ခုကို ကော်ဖီဝယ်ဖို့လာခဲ့ပါတယ်။ ဖြစ်ချင်တော့ ရိုင်လီရဲ့ကတ်ဟာ အပိတ်ခံထားရပါတယ်။ ဒါပေမဲ့ အရမ်းစိတ်ထာကောင်းတဲ့ ဆိုင်ရှင်နဲ့တွေ့တော့ ဆိုင်ရှင်က သူသောက်တတ်တဲ့ကော်ဖီကို အလကားပေးခဲ့ပါတယ်။ ဆိုင်ထဲမှာလည်း နေရာမရှိတော့ ရိုင်လီဟာ လိုဂန်နဲ့ စာပွဲတစ်ခုတည်းမျှဖို့ဖြစ်လာခဲ့တပေါ့။ အဲဒီမှာ လိုဂန်ကနေ ရိုင်လီ့ကိုစပြီးမိတ်ဖွဲ့ဖို့လုပ်ပါတော့တယ်။ ဒီဇာတ်လမ်းဟာဆိုရင်ဖြင့် လူ့ဘောင်လောကမှာ ဆင်းရဲဒုက္ခ လောကဓံတရားကို ရင်ဆိုင်လာရပြီးနောက် လူတွေဟာ မေတ္တာတရားမပွားနိုင်တော့ဘဲ အာဃာတတရားတွေပြည့်လာကြပုံကို ဖော်ကျူးထားတာပဲဖြစ်ပါတယ်။ ဒီအတွက်ဖြစ်လာကြတဲ့ လောကီမှာနေစဉ်ပဲ လောကုတ်တရားလမ်းစဉ်တွေမမေ့သွားဖို့အတွက် ပြန်အမှတ်ရစရာသင်ခန်းစာဖြစ်စေတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ဆိုရင်လည်းမမှားဘူးလို့ ပြောရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.4 GB) / (700 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:46:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark