
လူတယောက်ကိုသူ့ရဲ့အပြင်ပန်းပုံစံနဲ့ သူ့စိတ်ထဲမှာဒီလူဘာတွေဖြစ်နေလဲ ဆိုတာကိုဆုံးဖြတ်လို့မရဘူး။သတ်သေဖို့ကြိုးစားတဲ့သူတွေရဲ့အများစုက အပြင်လောကမှာပျော်ရွှင်နေသယောင်ထင်ခဲ့ရသူတွေချည်း။ Short Term 12 ဆိုတာက ဒီလိုမျိုးကိုယ့်ကိုယ်ကိုယ်အန္တရာယ်ပြုနိုင်တဲ့ ကလေးငယ်တွေကိုကြည့်ရှုစောင့်ရှောက်ပေးတဲ့နေရာလေးတခု။ ဒီမှာအလုပ်လုပ်နေတာက ဂရေ့စ်ဆိုတဲ့ပျော်ပျော်ပဲနေတတ်တဲ့ကောင်မလေးနဲ့ သူ့ကိုအရမ်းချစ်အရမ်းဂရုစိုက်တဲ့ မေဆင်ဆိုတဲ့ချစ်သူကောင်လေး။ ဒီစခန်းကကလေးတွေရဲ့သူတို့ခံစားခဲ့ရတဲ့ဒုက္ခအဖုံဖုံတွေ စိတ်ခံစားချက် အမျိုးမျိုးတွေကိုကူညီဖြေရှင်းပေးနေကြတာပေါ့။ ဒါပေမယ့်တကယ့် အတွင်းမှာတော့သူမရဲ့ခံစားချက်တွေကိုဖွင့်ပြောဖို့ခက်နေတဲ့ စိတ်ဓာတ်ကျ နေတဲ့ဂရေ့စ်။ သူမရဲ့ဘေးမှာဒါကိုစိတ်ရှည်ရှည်နဲ့သည်းခံကူညီပေးဖို့ အသင့်ဖြစ်နေသူတော့မေဆင်။ သူ့လိုမျိုးကလေးတွေကူညီနေတဲ့ဂရေ့စ်ကရော ဒါကိုမေဆင်နဲ့အတူကျော်ဖြတ်နိုင်ပါ့မလား။ ဂရေ့စ်ရဲ့အတိတ်ကရော ဘာကြောင့်ဒီလိုမျိုးဖြစ်စေခဲ့တာလဲ။အဆုံးမှာသူတို့နှစ်ယောက်အတူတူ ပျော်ရွှင်စွာနေနိုင်ကြမလားဆိုတာကိုShort term 12 ဆိုတဲ့အင်ဒီးဒရာမာ ကားလေးမှာရှုစားပေးကြပါဦး။ Captain marvel မှBrie Larson Bohemian rhapsodyမှ Rami Malek တို့လိုသရုပ်ဆောင်တွေကလည်းပါ၀င်ထားသလို Brie Larson ရဲ့ အကောင်းဆုံးသရုပ်ဆောင်ချက်တွေကိုလည်းခံစားနိုင်မှာပါ။ File size…1.16GB / 496MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 36m Genre ..... Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.16GB | Download | |
| 1080p | 1.16GB | Download | |
| 720p | 496MB | Download | |
| 720p | 496MB | Download |
ထုတ်လွှင့်သည့်နေ့
August 23, 2013
ကြာချိန်
1h 36m
အဆင့်သတ်မှတ်ချက်
7.8 / 10
Director
Destin Daniel Cretton