
She Came to Me (2023) ~ IMDb – 6.1/10, Rotten Tomatoes – 47% ~ လတ်တလောမှ အသစ်ထွက်ထားတဲ့ Comedy, Drama, Romance ကားလေးပါ။ GoT ထဲက အကျော်အမော် တိုင်ရီယွန်လန်နစ်စတာသရုပ်ဆောင် Peter Dinklage ရယ်၊ ဟောလိဝုဒ်အလှပဂေး Anne Hathaway ရယ်၊ Tom Holland’s Spider-Man ရဲ့အန်တီမေ Marisa Tomei ရယ်ဆိုတော့ အရွေးမမှားမယ့်ကားမျိုးပါပဲ။ လောလောဆယ်တော့ Nomination နှစ်ခု၀င်ထားပါတယ်။ ဒီဇာတ်လမ်းကို ဇာတ်ကောင်တွေရဲ့စရိုက်နဲ့ အခက်အခဲတွေကို စိတ်၀င်စားဖို့ကောင်းအောင် ဖော်ကျူးထားတာဖြစ်ပါတယ်။ စတီဗင်က အော်ပရာတေးရေးဆရာတစ်ယောက်ဖြစ်ပြီး ဇနီးချော ကုထုံးဆရာ၀န်မလေး ပတ်ထရီရှာလည်းရှိပါတယ်။ အနုပညာရှင်တို့ရဲ့ တစ်သက်မှာတစ်ခါ ထုံးစံအတိုင်း လတ်တလောမှာ အိုင်ဒီယာမရှိကြောင်ပျောက်နေရင်းကနေ ဆွဲသင်္ဘောကပ္ပတိန်မလေးကတ်ထရီနာနဲ့ ခဏတာအပျော်ရှာပြီးတဲ့နောက် ရုတ်တရက်အလင်းပွင့်ပြီး သီချင်းတွေပြန်ရေးနိုင်ခဲ့ပါတယ်။ ပတ်ထရီရှာကတော့ ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပြီး ယောက်ျားဖြစ်သူကိုလည်း ထောက်ပံ့ပေးတတ်တဲ့သူဖြစ်ပါ။ ကတ်ထရီနာကတော့ အချစ်နဲ့လိင်စိတ်လွန်ကဲတဲ့ရောဂါရှိနေသူဖြစ်ပါတယ်။ ဒီဇာတ်ကောင်သုံးယောက်ကြားက ပတ်သက်မှုတွေအပြင် စတီဗင်ရဲ့မယားပါသားအရှုပ်တော်ပုံတွေကိုပါ တစ်နာရီမိနစ်လေးဆယ်အချိန်အတွင်းမှာ ကြည့်ရှုသူတွေကို မပျင်းရိစေဘဲ ကောင်းကောင်းဆွဲခေါ်သွားနိုင်လို့ အချိန်ပေးရတာတန်စေမယ့်ကားမျိုးပါပဲ။ ဒီဇာတ်လမ်းဟာ ဇာတ်လမ်းသက်သက်ဆိုရင်တော့ ဒီလောက်တော့ အားရစရာကောင်းမနေပေမဲ့ Peter Dinklage, Anne Hathaway နဲ့ Marisa Tomei တို့ရဲ့ သမ္ဘာက ဒီကားကို အများကြီး ပိုဆွဲတင်ပေးနိုင်ခဲ့ပါတယ်။ ဒါရိုက်တာကလည်း အချစ်က ဘယ်လိုဆိုတာကို သူ့နည်းသူ့ဟန်နဲ့ သရုပ်ဖော်သွားခဲ့တယ်။ ဒီရုပ်ရှင်ဟာ ပရိသတ်တွေ ရုပ်ရှင်တစ်ကားကို ဘယ်လိုပုံစံလိုချင်တယ်ဆိုတာကို ဒါရိုက်တာတွေနားလည်သေးကြောင်း မျှော်လင့်ချက်ပေးနိုင်ခဲ့တယ်လို့ တချို့ကတော့ပြောကြပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 945MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 42Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2GB | Download | |
| 1080p | 2.2GB | Download | |
| 1080p | 2.2GB | Download | |
| 1080p | 2.2GB | Download | |
| 720p | 945MB | Download | |
| 720p | 945MB | Download | |
| 720p | 945MB | Download | |
| 720p | 945MB | Download | |
| 720p | 945MB | Download | |
| 720p | 945MB | Download |