
ဒီဇာတ်ကားလေးကတော့ IMDb rating 7.6အထိ ရရှိထားပြီး Rajkummar Raoနဲ့ Kriti Kharbanda တို့ရဲ့ Romance/Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားတစ်ကား ဖြစ်ပါတယ် ယခုလို ကျောင်းတွေပြန်ဖွင့်တော့မယ်ဆိုတဲ့အချိန်မှာ မိဘက တွန်းအားပေးနေတာကို မလွန်ဆန်နိုင်သေးတဲ့သူတွေ ကြည့်သင့်တဲ့ဇာတ်ကားတစ်ခု ညွှန်းပေးပါရစေ။ တကယ်က မိန်းကလေးဖြစ်ရင် အလုပ်မလုပ်ရဘူးဆိုတဲ့ ရှေးရိုးစွဲအယူကို ခုထိလက်ကိုင်ထားတဲ့သူတွေ ကမ္ဘာပေါ်ရှိနေပါသေးတယ်။ ဒီဇာတ်ကားထဲက မင်းသမီးဖြစ်သူ Aarti ရဲ့အဖေက အဲဒီလိုလူမျိုးပေါ့။ သူ့သမီးကို အလုပ်လုပ်ခွင့်မပေးဘဲ ယောက်ျားပဲအတင်းပေးစားချင်တာပါ။ Aarti ကလည်း အဖေ့ကိုမလွန်ဆန်တဲ့အဆုံး Blind Date မှာ မင်းသားကိုသွားတွေ့ပြီး လက်ထပ်ဖို့ဆုံးဖြတ်လိုက်တယ်ပေါ့။ ဘာလို့လဲဆိုတော့ Aarti ကို အလုပ်လုပ်ခွင့်ပေးမယ်လို့ မင်းသားကသဘောတူလိုက်လို့ပါ။ ဒါပေမယ့်လည်း မင်းသားရဲ့အမေကလည်း Aarti ရဲ့အဖေလိုပဲ ရှေးရိုးစွဲနေမှန်း သူမသိခဲ့ပါဘူး။ သိပ်စိတ်ညစ်ဖို့ကောင်းတဲ့ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေ၊ ကျားမခွဲခြားဆက်ဆံတတ်တဲ့ ဓလေ့တွေ၊ မိဘလောင်းရိပ်အောက်က မထွက်နိုင်ခဲ့ခြင်းတွေကြားက Aarti တစ်ယောက် ဘယ်လိုတွန်းလှန် ရုန်းထွက်နိုင်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်ဗျ။ တခြားအရာတွေက နှစ်ခါလာနိုင်ပေမယ့် လွတ်လပ်ခွင့်ကတော့ အခွင့်အရေးရတုန်း မဖမ်းဆုပ်နိုင်ရင် တစ်သက်လုံး လက်လွှတ်လိုက်ရမယ်ဆိုတာကိုလည်း ဒီဇာတ်ကားထဲမှာ သတိပေးထားပါသေးတယ်။ ဘာသာပြန်သူတွေကတော့ Htoo Aungနဲ့ Intelligenceတို့ဖြစ်ပြီး ဘာသာပြန်လိုအပ်ချက်များကို ဖြည့်စွက်ပြင်ဆင်ထားတာကတော့ Thaik Sanပဲ ဖြစ်ပါတယ်။ File size…(2 GB) / (1 GB) Quality…WEB-DL 1080p/720p Format…mp4 Duration….02:11:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Htoo Aung & Intelligence Fixed by Thaik San
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |